နာပိုလီနည်းပြ ကွန်တီသည် ခရစ္စမတ်အကြိုနေ့တွင် အသင်းကစားသမားများကို လေ့ကျင့်မှုနှစ်ကြိမ် ပြုလုပ်စေခဲ့ကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။
နာပိုလီအသင်းသည် စီးရီးအေပွဲစဉ် (၁၇) အပြီးတွင် ရမှတ် (၃၈ မှတ်)ဖြင့် ဒုတိယနေရာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အတ္တလန်တာအသင်း(၄၀ မှတ်)နှင့် (၂)မှတ်သာ ကွာဟသည်။
နာပိုလီအသင်းသည် ဒီဇင်ဘာ (၂၉)ရက်(စနေနေ့)တွင် စီးရီးအေပွဲစဉ် (၁၈)အဖြစ် ဗင်နီဇီယာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။
ကွန်တီသည် ခရစ္စမတ်နေ့တွင် အသင်းကစားသမားများကိုအားလပ်ရက်ပေးခဲ့သောကြောင့် ခရစ္စမတ်အကြိုနေ့တွင် လေ့ကျင့်မှု (၂) ကြိမ် ပြုလုပ်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နာပိုလီအသင်းသည် ပုံမှန်ဆိုပါက တစ်နေ့လျှင် လေ့ကျင့်မှုတစ်ကြိမ်သာ ပြုလုပ်လေ့ရှိသော်လည်း ခရစ္စမတ်အကြိုနေ့တွင်မူ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့တွင် နှစ်ကြိမ်ထိ လေ့ကျင့်ရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကွန်တီသည် စည်းကမ်းတင်းကြပ်သူဖြစ်ပြီး အသင်း၏ ကစားပုံကို အားမရသဖြင့် ယခုကဲ့သို့လေ့ကျင့်စေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
