သည်းခြေအိတ်ခွဲစိတ်ကုသမှု ခံယူခဲ့သည့် ဖီနာဘာချီအသင်း၏နာမည်ကျော်နည်းပြ မော်ရင်ဟိုသည် ဇန်နဝါရီ (၅)ရက်၌ ကစားမည့် ဟာတေစပေါ်နှင့်ပွဲတွင် အသင်းကို ပြန်လည်ကိုင်တွယ်မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မော်ရင်ဟို(၆၁ နှစ်)သည် ဒီဇင်ဘာလ(၂၀)ရက်က ယှဉ်ပြိုင်ကစားခဲ့သော အီယွတ်စပေါ်အသင်းနှင့် တစ်ဂိုးစီ သရေကျသည့်ပွဲအပြီးတွင် မိခင်နိုင်ငံ ပေါ်တူဂီသို့ပြန်သွားကာ အသေးစားခွဲစိတ်မှု ခံယူခဲ့ခြင်းဖြစ်သည်။
ဖီနာဘာချီအသင်းကလည်း နည်းပြ မော်ရင်ဟို၏ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး အသင်းနှင့် မကြာမီ ပြန်လည်ပူးပေါင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် မော်ရင်ဟို ကိုယ်တိုင်ကလည်း Instagram တွင် ဗီဒီယိုမက်ဆေ့ချ်ဖြင့် သူ၏ခွဲစိတ်မှုအခြေအနေကို ရှင်းပြခဲ့သည်။
''Merry Christmas ပါ။ သတင်းစကားများစွာအတွက် ကျေးဇူးတင်ပါတယ်။ အားလုံး ပျော်ရွှင်သောအားလပ်ရက် ဖြစ်ပါစေလို့ ကျွန်တော် တောင်းဆုပြုပါတယ်။ ဒီအချိန်က ခင်ဗျားနဲ့ ခင်ဗျားတို့ မိသားစုတွေအတွက် ချစ်ခြင်းတရားနဲ့ ပျော်ရွှင်မှုတွေ အပြည့်ဖြစ်နေတဲ့ အခါသမယပါပဲ။ ဒီစိုးရိမ်စရာ ဖော်ပြမှုတွေအတွက် ကျွန်တော့်ခွဲစိတ်မှုအကြောင်း သတင်းတွေဟာ အလွန်ပုံကြီးချဲ့ရေးသားနေတာ ဖြစ်တယ်လို့ ကျွန်တော် အတည်ပြုပါတယ်။ ဒါက အလျင်အမြန်သက်သာပြီး အသေးစားခွဲစိတ်မှုပါပဲ။ အားလပ်ရက်က ပြန်လာပြီး ပထမဆုံးနေ့မှာပဲ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်လည်စတင်ပါမယ်။ အမြဲတမ်း ဒီလိုပါပဲ။ ကျွန်တော့်ရဲ့နည်းပြ ဘဝ (၂၅)နှစ်တာအတွင်း လေ့ကျင့်ခန်းအစီအစဉ်ကို တစ်ကြိမ်တောင် မလွဲချော်ခဲ့ပါဘူး။ ဒါကို အခုစတင်ဖို့လည်း မရည်ရွယ်ထားပါဘူး''ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်ပြီးနောက် ကွင်းထဲသို့ ချက်ချင်းပြန်လာမည်ဖြစ်ကြောင်း ပရိသတ်များအား အာမခံချက်ပေးခဲ့သည်။
အသင်း၏ အားလပ်ရက်ကာလနှင့် ချိန်ကိုက်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟုလည်း မော်ရင်ဟိုက ရှင်းပြခဲ့သည်။
မော်ရင်ဟို၏ဖီနာဘာချီအသင်းသည် တူရကီစူပါလိဂ်ပြိုင်ပွဲတွင် ဒုတိယနေရာ ရပ်တည်နေသော်လည်း ဇယားထိပ်ဆုံးမှ လက်ရှိချန်ပီယံ ဂါလာတာစာရေးအသင်းနှင့်မူ ရှစ်မှတ်အထိ ကွာဟလျက်ရှိသည်။
ဖီနာဘာချီအသင်းသည် နောက်ဆုံးကစားထားသည့် ပြိုင်ပွဲစုံ လေးပွဲတွင်လည်း တစ်ပွဲသာ အနိုင်ရထားကြောင်း သိရသည်။
မော်ရင်ဟိုသည် ဖီနာဘာချီအသင်းအား ပြိုင်ပွဲစုံ(၂၆)ပွဲ ကိုင်တွယ်ခဲ့ရာတွင် (၁၅)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၅)ပွဲရှုံးမှတ်တမ်းသာ ရရှိထားခဲ့သည်။
ဖီနာဘာချီအသင်းအနေဖြင့် လက်ရှိ အသင်းရလဒ်ပိုင်းမှာ ကျေနပ်စရာမရှိသော်လည်း နည်းပြ မော်ရင်ဟိုကို အသင်းတွင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း တူရကီမီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
မော်ရင်ဟိုသည် ပြီးခဲ့သည့်ဇွန်လကမှ ဖီနာဘာချီအသင်းနည်းပြအဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခံထားရသူဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
