ချယ်လ်ဆီးနည်းပြ မာရက်စကာက မန်စီးတီးအသင်းအနေဖြင့် လတ်တလောတွင် ရလဒ်များ ဆိုးရွားနေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် ပါဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် (အဲဗာတန်နှင့်ပွဲမတိုင်မီအထိ) ပရီးမီးယားလိဂ်နောက်ဆုံး (၈) ပွဲတွင် (၁)ပွဲသာ အနိုင်ထားရပြီး (၆) ပွဲအထိ ရှုံးနိမ့်ထားသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) အပြီးတွင် ရမှတ် (၂၇) မှတ်ဖြင့် အဆင့် (၅) နေရာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် တစ်ပွဲလျော့ကစားထားသည့် လီဗာပူးလ်အသင်း(၃၉)မှတ်နှင့် (၁၂) မှတ်အထိ ကွာဟနေသလို၊ အဆင့် (၂) မှ ချယ်လ်ဆီးအသင်း(၃၅ မှတ်)နှင့်လည်း (၈)မှတ်အထိ ကွာဟနေသည်။
သို့သော် ချယ်လ်ဆီးနည်းပြ မာရက်စကာက မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မာရက်စကာက ''မန်စီးတီးအနေနဲ့ နောက်ဆုံးမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့နေရာမှာ ရှိနေဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ အခုအချိန်မှာ သူတို့တစ်ခါမှ မကြုံဖူးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့မှာ ကစားသမားတွေ ဒဏ်ရာရနေတယ်။ ဒါပေမဲ့ သူတို့ ပြန်ကောင်းလာရင် မန်စီးတီး ပြန်လာပါလိမ့်မယ်။ အခုအချိန်မှာ မန်စီးတီးအနေနဲ့ အဆိုးဆုံးအခြေအနေနဲ့ ကြုံနေရပြီး ဘယ်အသင်းမဆို ဒီလိုအခြေအနေနဲ့ ကြုံရနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
