Top News

အစ္စရေး၏သတ်မှတ်ချက်အသစ်များက ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို ကြန့်ကြာစေသည်ဟု ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ် ပြောကြား
24htopnews | December 26, 2024 7:12 PM CST

ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည် ဆိုသော်လည်း သတ်မှတ်ချက်အသစ်များကို အစ္စရေးချမှတ်ခြင်းက ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးကို ကြန့်ကြာစေသည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် ဟားမာ့စ်က စွပ်စွဲခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဖမ်းဆီးခံခဲ့ရသော ဓားစာခံများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် သတ်မှတ်ချက်အသစ်များကို အစ္စရေးက အများပြည်သူသိအောင် ထုတ်ပြန်ပေးခြင်းမရှိပေ။

အစ္စရေးနှင့်ဟားမာ့စ်တို့၏သွယ်ဝိုက် ဆွေးနွေးမှုများကို လွန်ခဲ့သောရက်ပိုင်းတွင် ဒိုဟာမြို့၌ လုပ်ဆောင်ခဲ့သည်။ အဆိုပါသွယ်ဝိုက်ဆွေးနွေးမှုများကိုကာတာ၊အီဂျစ်၊ အမေရိကန်ပြည်ထောင်စုတို့က ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် ခက်ခဲသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့သည်။

“]အလေးအနက်ထားတဲ့ပုံစံနဲ့ ကာတာ၊ အီဂျစ်တို့ကြားဝင်ဆောင်ရွက်ပေးမှုအရ အပစ်အခတ်ရပ်စဲရေး၊ အကျဉ်းသားလဲလှယ် ရေး ဆွေးနွေးမှုတွေကို ဒိုဟာမှာ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အစ္စရေးက စစ်သားတွေရုပ်သိမ်းရေး၊ အပစ်ရပ်ရေး၊ အကျဉ်းသားတွေ ကိစ္စ၊ စစ်ရှောင်တွေ ပြန် လာရေးကိစ္စတို့နဲ့ပတ်သက်လို့ လိုအပ်ချက် အသစ်တွေကို ချမှတ်တာဟာ သဘောတူညီ ချက်ရရှိရေးကို ကြန့်ကြာစေပါတယ်”}ဟု ပါလက်စတိုင်းစစ်သွေး<ကအုပ်စုက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစ္စရေးက ချမှတ်သော သတ်မှတ်ချက်များ၏အသေးစိတ်များကို ဟားမာ့စ်က ဖော်ပြခြင်းမရှိပေ။

ဆွေးနွေးမှုများတွင် တိုးတက်မှုအချို့ရရှိကြောင်း ဒီဇင်ဘာ ၂၃ ရက်တွင် အစ္စရေးဝန် ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက အစ္စရေး လွှတ်တော်ကိုပြောကြားခဲ့သည်။

Ref: AFP


READ NEXT
Cancel OK