
ဆီရီးယားသူပုန်အဖွဲ့များက ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် တပ်ပေါင်းစုတစ်စုတည်းအဖြစ် ပူးပေါင်းရန် သဘောတူခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြခဲ့သည်။
ဆီးရီးယားသမ္မတဘာရှာအာဆတ်ကို ဖြုတ်ချခဲ့သည့် HTS လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အာမက် အယ်ရှာရားက အခြားလက်နက်ကိုင်အဖွဲ့ခွဲများနှင့်အတူ တစ်ပေါင်းတစ်စည်းတည်းဖွဲ့စည်းရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယား ကြားဖြတ်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
အယ်ရှာရားသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အခြားလးက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ထိုလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ၎င်းတို့၏ အဖွဲ့များကို ဖျက်သိမ်းပြီး ကာကွယ်ရေးဝန်ကြီးဌာန၏လက်အောက်သို့ ဝင်ရောက်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ကြားဖြတ်အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန်က ကျောထောက်နောက်ခံပေးထားသည့် ကာ့ဒ်ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် ထိုသဘောတူညီချက်တွင် ပါဝင်ခြင်းမရှိကြောင်း ကြေညာခဲ့သည်။
ဆီးရီးယားဝန်ကြီးချုပ် မိုဟာမက် အယ်ဘာရှားကမူ ကာကွယ်ရေးဝန်ကြီးဌာနသည် ဘာရှာအာဆက်၏ စစ်တပ်မှ အရာရှိများနှင့် လက်နက်ကိုင်သူပုန်ဟောင်းများဖြင့် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်သွားမည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
"အာဆတ်အစိုးရအဖွဲ့ ပြုတ်ကျသွားပြီးကတည်းက လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းမှုဟာ အထင်ရှားဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်" ဟု ဒမတ်စကတ်မြို့တော်ရှိ အယ်လ်ဂျာဇီးယား သတင်းထောက် ရီဆူးလ် ဆာဒါး (Resul Serdar) က ပြောကြားခဲ့သည်။
"အဓိကစိုးရိမ်ရမယ့်ကိစ္စကတော့ ၁၃ နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တိုက်ခိုက်ခဲ့ကြတဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်လိုပုံစံမျိုးနဲ့ ပေါင်းစည်းသွားမလဲ ဆိုတာပါပဲ" ဟု ဆာဒါးက ပြောကြားခဲ့သည်။
Ref: Al Jazeera
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်