
ထိုင်းအစိုးရအဖွဲ့သည် အနိမ့်ဆုံး တစ်ရက်လုပ်ခငွေတိုးမြှင့်ပေးမှုနှင့် ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့မှုအစီအစဉ်တို့ကို ဒီဇင်ဘာ ၂၄ ရက်က အတည်ပြုခဲ့ပြီး အခွန်နှုန်းထားကို လျှော့ချပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်က ပြောကြားခဲ့သည်။ နိုင်ငံ့စီးပွားရေးကို လှုံ့ဆော်ရန်အတွက် နိုင်ငံတစ်ဝန်းတစ်ရက်လုပ်ခငွေကို အနိမ့်ဆုံးဘတ် ၄၀၀ (ဒေါ်လာ ၁၁ ဒသမ ၇၂) အထိ မြှင့်တင်ပေးလိုကြောင်း အစိုးရက ပြောကြားခဲ့သည်။
သို့သော် လုပ်ခလစာငွေ ဆိုင်ရာကော်မတီက သက်ဆိုင်ရာဒေသအလိုက် အနိမ့်ဆုံးတစ်ရက်လုပ်ခငွေကို ၃၃၇ ဘတ်မှ ဘတ် ၄ဝဝ် (၉ ဒသမ ၉ ဒေါ်လာ မှ ၁၁ ဒမသ ၇ ဒေါ်လာ) အထိ သီးခြားစီတိုးမြှင့်ပေးရန် ဒီဇင်ဘာ ၂၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ထိုလုပ်ခငွေတိုးမြှင့်မှုသည် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမည့်ပြည်နယ်များမှာ ဖူးခက်၊ ချာချောင်ဆာအို၊ ချောင်ဘူရီ၊ ရာယောင်ပြည်နယ်များဖြစ်ကာ ဆာမူအီကျွန်းလည်း ပါဝင်သည်။ ထို့ပြင်အစိုးရ၏ ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့မှုအစီအစဉ်၏ ဒုတိယသ အသုတ်ကိုလည်း ဇန်နဝါရီလတွင် ထိုင်းလူမျိုးလေးသန်းကို ထောက်ပံ့့ပေးသွားမည်ဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်