
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟောင်း၏ရှေ့နေက သမ္မတယွန်းဆော့ယို၏ အောင်မြင်ခြင်းမရှိသည့်စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်က ကာကွယ်ပြောဆိုခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်သည် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး ပထမဆုံးအဖမ်းခံခဲ့ရသည့် ထိပ်သီးအရာရှိများထဲတွင်ပါဝင်ခဲ့သည်။ သူသည် စွပ်စွဲပြစ်တင်မှုနှင့်ရင်ဆိုင်ရဖွယ်ရှိသည်။ကင်၏ရှေ့နေနှစ်ဦးကမူ ယွန်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှုသည် နိုင်ငံ၏ဒီမိုကရေစီကို ခြိမ်းခြောက်နေသည့် နိုင်ငံတော်ဆန့်ကျင်သူများကို နှိမ်နင်းရန်လိုအပ်ခြင်းကြောင့်ဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင်တောင်ကိုရီးယားအတိုက်အခံများက ယာယီသမ္မတ ဟန်ဒွတ်ဆူးကို စွပ်စွဲပြစ်တင်ရန် ဆုံးဖြတ်ချက်ကို ယခုသီ တင်းပတ်ကုန်အထိ ရက်ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။စွပ်စွဲပြစ်တင်ခံခဲ့ရသည့် သမ္မတ ယွန်းဆော့ယိုကို စုံစမ်းစစ်ဆေးရေးအတွက် အထူးဥပဒေကြမ်းများအား ဥပဒေအဖြစ်သို့ လက်မှတ်ရေးထိုးပေးရန် ငြင်းဆန်ခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ဟန်အား အတိုက်အခံများက စွပ်စွဲပြစ်တင် ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်