Top News

မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို ရိုဒရီဂို ငြင်းဆန်ခဲ့ဖူး
24htopnews | December 27, 2024 6:12 AM CST

ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုသည် ပြီးခဲ့သည့်နွေရာသီကာလအတွင်း ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်း၏ကမ်းလှမ်းမှုကို ရရှိခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ရိုဒရီဂိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းတွင် ဘယ်လင်ဂမ်၊ ဗင်နီစီယပ်စ်တို့၏လောင်းရိပ်မိခဲ့သော်လည်း ပြိုင်ပွဲစုံ ဂိုးပါဝင်ပတ်သက်မှု (၁၈)ဂိုးရှိကာ (၉)ဂိုး သွင်းယူနိုင်ခဲ့သည်။

ယခုရာသီတွင် အမ်ဘာပေ ရောက်လာမှုကြောင့် ၎င်းအတွက် ပုံမှန်နေရာအာမခံချက် မရှိတော့ဟု သတင်းများက သုံးသပ်ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်အထိ ပုံမှန်နီးပါး ပွဲကစားခွင့်ရနေကြောင်း သိရသည်။

ရိုဒရီဂိုသည် အခုရာသီ ပြိုင်ပွဲစုံ ပွဲ(၂၀)တွင် ဂိုးပါဝင်ပတ်သက်မှု ငါးဂိုးရှိကာ လေးဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် ရိုဒရီဂိုကို မခေါ်ယူနိုင်ခြင်းကြောင့် အခြားတောင်ပံကစားသမားတစ်ဦးဖြစ်သူ ဆာဗင်ညိုကို အစားထိုးခေါ်ယူခဲ့ရသည်။


READ NEXT
Cancel OK