လေဗာကူဆင်အသင်း၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဖာနန်ဒိုကာရိုက မန်စီးတီးအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်အား အသင်းတွင် ဆက်ထိန်းနိုင်ရန်ခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၁) နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဘွန်ဒစ်လီဂါချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူခဲ့သည့် လေဗာကူဆင်အသင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်သည်။
ဗက်ဇ်သည် ၂၀၂၃-၂၄ ရာသီက ဘွန်ဒစ်လီဂါနှင့် ဂျာမန်ပိုကယ်လ်ဖလားတို့ကို ရှုံးပွဲမရှိစံချိန်ဖြင့် ရရှိခဲ့ပြီး ဥရောပတွင် ရှုံးပွဲမရှိပွဲဆက်အများဆုံးအဖြစ် (၄၉)ပွဲဖြင့် စံချိန်တင်ခဲ့သည့် လေဗာကူဆင်အသင်းအတွက် (၄၉)ပွဲအထိ ကစားခဲ့သည်။
၎င်းသည် ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဂျာမနီလက်ရွေးစင်အသင်းအတွက်ပါ ခြေစွမ်းပြနိုင်ခဲ့သည်။
ထို့ကြောင့် ၎င်းကိုခေါ်ယူရန် မန်စီးတီး၊ ဘိုင်ယန်၊ ရီးယဲလ်အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြောင်း သိရသည်။
ယခုအခါ လေဗာကူဆင်အမှုဆောင်အရာရှိချုပ် ကာရိုက ဖလော်ရီယန်ဗက်ဇ်ကို ဆက်ထိန်းရန် ခက်ခဲကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
၎င်းက ''ထိုက်တန်တဲ့ ကမ်းလှမ်းမှုရှိလာရင် ဖလော်ရီယန်ဗက်ဇ်ကို မရောင်းချဘဲ အသင်းမှာဆက်ထိန်းဖို့ ခက်ပါတယ်။ ရိုးသားစွာဝန်ခံရမယ်ဆိုရင် ဒါက မဖြစ်နိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။
ဖလော်ရီယန်ဗက်ဇ်၏ စျေးကွက်တန်ဖိုးမှာ ပေါင်(၁၂၄) သန်းရှိကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
