လက်ကိုင်ဖုန်းမှတစ်ဆင့် စက်သုံးဆီဆိုင်များက ရောင်းပေးနိုင်သည့်ပမာဏကို သိရှိနိုင်မည့် အက်ပလီကေးရှင်းကို ဇန်နဝါရီ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
MPTA FM အမည်ရှိ အဆိုပါအက်ပလီကေးရှင်းကို စွမ်းအင်ဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအက်ပလီကေးရှင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိတွင် Google Playstore တွင် ဒေါင်းလော့ရယူနိုင်ပြီဖြစ်ကြောင်း၊ လက်တလောတွင် အန်းဒရိုက်ဖုန်းများတွင်သာ ဒေါင်းလော့ရယူနိုင်ပြီး IOS Version ဖုန်းများတွင် ဒေါင်းလော့ရယူ သုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အက်ပလီကေးရှင်းတွင် မြန်မာနိုင်ငံရှိ စက်သုံးဆီအရောင်းဆိုင်များ၏ တည်နေရာ၊ ဖွင့်ချိန်၊ ပိတ်ချိန်၊ ရရှိနိုင်မည့် စက်သုံးဆီအမျိုးအစားများ၊ စျေးနှုန်းများကို ဖော်ပြထားပြီး သုံးစွဲသူနှင့် အနီးဆုံး တွင်ရှိနေသည့် စက်သုံးဆီဆိုင်များကိုလည်း ဖော်ပြပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
