မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက် ထီးရိုးတောင်ပေါ် ကျီးကန်းပါးစပ်သွားရာ လမ်းတွင် အမျိုးသမီးတစ်ဦး ရုတ်တရက် အမောဖောက်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။
ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်း အချိန်က ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူးလာရောက်ခဲ့သည့် ဘီးလင်းမြို့မှ အမျိုးသမီးတစ်ဦးမှာ ကျီးကန်းပါးစပ်သွားရာလမ်းတွင် ရုတ်တရက်အမောဖောက်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကျိုက်ထီးရိုးကို ဘုရားဖူးလာတဲ့ ဘီးလင်းမြို့ အသက် ၇၀ နှစ် အရွယ် အမျိုးသမီးကြီးက ကျီးကန်းပါးစပ် ဘက်ကို ဆင်းသွားပြီးတော့ ပြန်အတက်မှာ လမ်းတစ်နေရာမှာ အမောဖောက်ပြီး အသက် သေဆုံးသွားသည်အထိ ဖြစ်ခဲ့တာပါ” ဟု ပြောကြားသည်။
အတက်အဆင်းမတ်စောက်သည့်နေရာများသို့ အသက်အရွယ်ကြီးသူများ၊ အမောမခံနိုင်သူများ သတိပြုသွားလာသင့်ကြောင်း လည်း ၎င်းဒေသခံက ဆိုသည်။
နှလုံးနှင့် ပတ်သက်သည့် ရောဂါအခံရှိသူများ၊ ပန်းနာရင်ကျပ်နှင့် နာတာရှည် လေပြွန်ကျဉ်း ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါဝေဒနာရှင်များ၊ ဆီးချို၊ သွေးတိုး နှင့်အခြား မွေးရာပါရောဂါများရှိ သော လူနာများ၊ ဆေးလိပ်သောက်သူများ၊ ခြေနှင့် လက်ထုံကျဉ် အားနည်းနေသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ မကြာသေးမီက ဖျားနာခြင်း (သို့မဟုတ်) ခွဲ စက်မှုမှ ပြန်လည်ကောင်းမွန်လာသော လူနာ များ၊ စိုးရိမ်သောကရှိသူ (သို့မဟုတ်) စိတ် ရောဂါရှိသူများအနေဖြင့် အတက်အဆင်း များပြီး မတ်စောက်သည့်နေရာများသို့ မသွားလာသင့်ကြောင်းကို ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ အများပြည် သူရုံးနှင့် အလုပ်ပိတ်ရက်များတွင် နေ့စဉ် ဘုရားဖူး ၃၀၀၀၀ ကျော် လာရောက်နေ ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ရုံးထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
