Top News

■ ဇန်နဝါရီတွင် ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းမည်ဟု ဂွါဒီယိုလာ အတည်ပြု     
24htopnews | December 27, 2024 8:12 PM CST

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၄)ရာသီဆက် ရရှိထားသော်လည်း ယခုရာသီတွင်မူ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည်။ ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)အပြီးတွင် (၈)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၆)ပွဲရှုံးကာ အဆင့်(၇)နေရာသို့ ရောက်ရှိနေသည်။ 

မန်စီးတီးအသင်းသည် ရလဒ်များ ဆိုးရွားနေသည့်အပြင် ဒဏ်ရာရကစားသမားလည်း များပြားနေသည့်အတွက် ဇန်နဝါရီတွင် ကစားသမားသစ် များ ခေါ်ယူအားဖြည့်ရန် စီစဉ်နေကြောင်း အစောပိုင်းကတည်းက သတင်းထွက်နေခဲ့ပြီး ယခုအခါ ဂွါဒီယိုလာက ထပ်မံအတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။ 

အဲဗာတန်နှင့် ပွဲမတိုင်မီနှင့်ပွဲအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲများတွင် ဂွါဒီယိုလာက "ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ကစားသမားသစ်တွေ အားဖြည့်သွားမှာပါ။ ဒါ အသေအချာပါပဲ။ ခံစစ်နဲ့ ကွင်းလယ်မှာ ကျွန်တော်တို့ ရုန်းကန်နေရတာကို ခင်ဗျားတို့လည်း သိပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်က လှုပ်ရှားရတာတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အားဖြည့်သွားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဂွါဒီယိုလာက ဒဏ်ရာရကစားသမားများပြားနေခြင်းကိုလည်း ပွဲအပြီးတွင် ညည်းတွားပြောကြားခဲ့သည်။


READ NEXT
Cancel OK