အဲဗာတန်နည်းပြ ရှောင်ဒိုက်က မန်စီးတီးအသင်းအား သရေကစားနိုင်ခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်သည်ဟု ပြောကြားခဲ့သည်။
အဲဗာတန်အသင်းသည် ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် Boxing Day ပွဲစဉ်တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ခဲ့ရသော်လည်း (၁-၁)ဂိုးဖြင့် သရေကျကစားနိုင်ခဲ့ခြင်းဖြစ်သည်။
အဲဗာတန်အသင်းသည် ပွဲကျပ်ကာလအတွင်း၌ ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသော်လည်း အာဆင်နယ်၊ ချယ်လ်ဆီးနှင့် မန်စီးတီးတို့နှင့် ရင်ဆိုင်ခဲ့ရသည့် (၃)ပွဲဆက်တိုက် သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
မန်စီးတီးနှင့်ပွဲအပြီးတွင် ရှောင်ဒိုက်က "တစ်ပွဲလုံးက စွမ်းဆောင်ရည်ကိုရော တစ်မှတ် ရယူနိုင်ခဲ့တာကိုရော ကျေနပ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ် (၁၈) အပြီးတွင် ရမှတ် (၁၇) မှတ်ဖြင့် အဆင့် (၁၅) နေရာ၌ ရပ်တည်နေပြီး တန်းဆင်းဇုန် အဆင့် (၁၈)နေရာမှ လက်စတာအသင်း(၁၄ မှတ်)နှင့် (၃) မှတ်သာ ကွာဟသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
