ရီးယဲလ်အသင်း၏ နည်းပြဟောင်းဖြစ်သည့် ဇီဒန်းသည် ပရီးမီးယားလိဂ်သို့ ရောက်ရှိလာရန် အလားအလာမရှိကြောင်း စပိန်သတင်းစာ Marca က သုံးသပ်ဖော်ပြခဲ့သည်။
ပြင်သစ်ကွင်းလယ်ကစားသမားဟောင်း ဇီဒန်းသည် ရီးယဲလ်နည်းပြအဖြစ် အောင်မြင်မှုများစွာ ရယူနိုုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အသင်းလက်မဲ့အဖြစ် ရပ်တည်နေသည်။
၎င်းကို ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လက်ခံခြင်း မရှိခဲ့ပေ။
Marca က ဇီဒန်းသည် ရီးယဲလ်အသင်းကို ပြန်လည်ကိုင်တွယ်ရန်နှင့် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်သာ ဆုံးဖြတ်ထားကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
အသက် (၅၂)နှစ်အရွယ်ရှိ ဇီဒန်းသည် ရီးယဲလ်အသင်းကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ဖူးပြီး ချန်ပီယံလိဂ် (၃) ကြိမ်ဆက်အပါအဝင် ဆုဖလား (၁၁) လုံးအထိ ရယူပေးခဲ့သည်။
၎င်းသည် ၂၀၂၁ ခုနှစ်တွင် ရီးယဲလ်အသင်းနှင့် လမ်းခွဲပြီးကတည်းက ဥရောပထိပ်တန်းကလပ်အသင်းများနှင့် သတင်းထွက်ခဲ့သော်လည်း မည့်သည့်အသင်းကိုမျှ ကိုင်တွယ်ခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
