Top News

■ အဲဗာတန်အတွက် ပစ်ဖို့ဒ် (၇)ကြိမ်မြောက် ပယ်နယ်တီ ကာကွယ်နိုင်ခဲ့     
24htopnews | December 27, 2024 8:12 PM CST

အဲဗာတန်အသင်း၏ ဂိုးသမား ပစ်ဖို့ဒ်သည် အသင်းအတွက် ပရီးမီးယားလိဂ်တွင် (၇)ကြိမ်မြောက် ပယ်နယ်တီကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။ 

ပစ်ဖို့ဒ်သည် ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးနှင့်ပွဲတွင် နော်ဝေတိုက်စစ်မှူး ဟာလန်း၏ ပယ်နယ်တီကန်ချက်ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ပရီးမီးယားလိဂ်တွင်ကလပ်အသင်းတစ်သင်းအတွက် ပယ်နယ်တီကာကွယ်နိုင်မှု တတိယအများဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

အများဆုံးကာကွယ်နိုင်သူမှာ ဘလက်ဘန်းဂိုးသမားဟောင်း ဖရီဒယ်လ်(၁၀)ကြိမ်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဘော်လ်တန်ဂိုးသမားဟောင်း ဂျက်စကယ်လိုင်နန်(၉)ကြိမ်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK