မန်ယူအသင်း၏ ဂိုးသမားဟောင်းတစ်ဦးဖြစ်သည့် ဘင်ဖော်စတာက မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အနေဖြင့် ခေါ်ယူလိုသည့်အသင်း မရှိသည့်အတွက် မေဂျာလိဂ်သို့သာ သွားရလိမ့်မည်ဟု ပြောကြားခဲ့သည်။
အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်စီးတီးအသင်းကို အနိုင်ရသည့် မန်ချက်စတာဒါဘီပွဲတွင် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် နာမည်ကျော်ဂျာနယ်လစ် အွန်နရီဝင်းတားနှင့် အင်တာဗျူးပြုလုပ်ခဲ့ပြီး စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရပ်ရှ်ဖို့ဒ်သည် လာမည့်ဇန်နဝါရီတွင် မန်ယူအသင်းမှ ထွက်ခွာလိမ့်မည်ဟု သတင်းကြီးနေပြီး ၎င်းကို ခေါ်ယူရန် PSG နှင့် အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
သို့သော် ဘင်ဖော်စတာက မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် (၃၂၅၀၀၀) အထိ ရရှိနေသည့် ရပ်ရှ်ဖို့ဒ်ကို ၎င်း၏များပြားလှသည့်လစာနှုန်းထားကြောင့် အမှန်တကယ်ခေါ်ယူလိုသည့် အသင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"သူ့ရဲ့လစာနှုန်းထားကြောင့် အာတီတာကလည်း ခေါ်ယူမယ်လို့ မထင်ပါဘူး။ သူ မေဂျာလိဂ်ကို သွားရလိမ့်မယ်လို့ပဲ ထင်ပါတယ်"ဟု ဘင်ဖော်စတာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
