Top News

■ မိမိတို့ ကစားပုံကောင်းမွန်ခဲ့သည်ဟု မန်စီးတီးနောက်ခံကစားသမား အကန်ဂျီ ပြောကြား
24htopnews | December 27, 2024 8:12 PM CST

မန်စီးတီးနောက်ခံကစားသမား အကန်ဂျီက အဲဗာတန်နှင့်ပွဲတွင် နိုင်ပွဲရယူနိုင်ခြင်းမရှိခဲ့သော်လည်း မိမိတို့ကစားပုံ ကောင်းမွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဲဗာတန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားခဲ့ရသော်လည်း (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။ 

ထို့ပြင် မန်စီးတီးအသင်းသည် အဆိုပါပွဲစဉ်တွင် ပယ်နယ်တီ ရရှိခဲ့သော်လည်း ဟာလန်းက ဝင်အေင် ကန်သွင်းနိုင်ခြင်းမရှိသဖြင့် သရေတစ်မှတ်သာ ရရှိခဲ့ခြင်းဖြစ်သည်။ 

အကန်ဂျီက "ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမဲ့ ဘောလုံးက ကျွန်တော်တို့ လိုချင်တဲ့ဆီ မသွားခဲ့ပါဘူး။ ကျွန် တော်တို့ရဲ့ ကစားပုံ တကယ်ကောင်းခဲ့ပါတယ်။ တခြားပွဲတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၉) ပွဲတွင် (၁) ပွဲသာ အနိုင်ရခဲ့ပြီး (၆) ပွဲအထိ ရှုံးနိမ့်ကာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ပြင် မန်စီးတီးပရိသတ်များသည် အဲဗာတန်အသင်းနှင့် သရေကျသည့်ပွဲအပြီးတွင် အသင်းကို လှောင်ပြောင်အော်ဟစ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK