ဘာစီလိုနာအသင်းသည် လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်ကို ရီးယဲလ်အသင်းနှင့်အပြိုင် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်သည် လီဗာပူးလ်အသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် အာနိုးလ်အား စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းအနေဖြင့် အာနိုးလ်အား ဒီဇင်ဘာလမကုန်ခင် စာချုပ်သက်တမ်းတိုးနိုင်ခြင်းမရှိလျှင် ကစားသမားအနေဖြင့် ၂၀၂၅ ဇန်နဝါရီ (၁) ရက်မှာ ပြည်ပကလပ်အသင်းများနှင့် အကြိုသဘောတူစာချုပ် ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် အာနိုးလ်ကို ရီးယဲလ်အသင်းက ပစ်မှတ်ထားနေပြီး ယခုအခါ ဘာစီလိုနာအသင်းကလည်း ရီးယဲလ်နှင့်အပြိုင် ကြိုးပမ်းရန် စီစဉ်နေကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းတာဝန်ရှိသူများကမူ အသင်းငယ်မွေးခြံပေါက် အာနိုးလ်အနေဖြင့် အသင်းနှင့်စာချုပ်သက်တမ်းတိုးမည်ဟု ယုံကြည်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
