ဘာစီလိုနာအသင်းသည် စပိန်တိုက်စစ်ကစားသမား အော်လ်မိုကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ပြောင်းရွှေ့ကြေးအ လွတ်ဖြင့် ဆုံးရှုံးရဖွယ်ရှိနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အော်လ်မို(၂၆ နှစ်)ကို ပြီးခဲ့သည့်နွေရာသီတွင် လိုက်ပ်ဇစ်အသင်းထံမှ ယူရိုသန်း(၆၀)ဖြင့် ခေါ်ယူကာ (၆)နှစ် စာချုပ် ချုပ်ဆိုထားသော်လည်း ဘဏ္ဍာရေးပြဿနာကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးရဖွယ်ရှိနေခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ၎င်းကို ၂၀၂၄ ပြက္ခဒိန်နှစ်အတွင်းသာ ယာယီသဘောဖြင့် စာရင်းသွင်းနိုင်ခဲ့ခြင်းဖြစ်သောကြောင့် ဇန်နဝါရီလတွင် လာလီဂါအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့်အတိုင်း ငွေကြေးစာရင်းရှင်းတမ်း ပြသနိုင်ခြင်းမရှိပါက ၎င်းအား စာချုပ်ချုပ်ဆိုမှုမှာ ပျက်ပြယ်သွားမည်ဖြစ်သည်။
ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ဖွယ်ရှိနေသည့် ၎င်းကို မန်စီးတီးအသင်းက ချိန်ရွယ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် တိုက်စစ်ပိုင်းကို အားဖြည့်ရန် စီစဉ်နေရာ အော်လ်မိုကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ၎င်း၏ အေးဂျင့်ဖြစ်သူမှာ မန်ချက်စတာမြို့တွင် ရောက်ရှိကာ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် အော်လ်မိုကမူ ဘာစီလိုနာအသင်းတွင်သာ ဆက်နေလိုပြီး ဆုဖလားအောင်ပွဲများစွာ ရယူသွားလိုသည်ဟု ပြောကြားခဲ့သည်။
အော်လ်မိုသည် ယခုရာသီတွင် ဘာစီလိုနာအတွက် (၆)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
