ရီးယဲလ်မက်ဒရစ်အသင်းနှင့် မန်ယူနိုက်တက်အသင်းတို့သည် အသင်းနည်းပြဖြစ်သူ ပေါ်လိုဖွန်ဆီကာနှင့် အဆင်မပြေ၊ တင်းမာနေသည့် အေစီမီလန်အသင်း၏ အဓိကနောက်ခံလူ သီယိုဟာနန်ဒက်ဇ်အား ခေါ်ယူရန်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။
ပြင်သစ်လက်ရွေးစင်အသင်း၏ နောက်ခံလူတစ်ဦးဖြစ်သည့် သီယိုဟာနန်ဒက်ဇ်သည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် နောက်ခံလူတစ်ဦးအ ဖြစ် သတ်မှတ်ခံထားသူဖြစ်သည်။
သို့သော် အေစီမီလန်အသင်းနည်းပြ ဖွန်ဆီကာက နောက်ပိုင်းပွဲစဉ်များတွင် ၎င်း၏ ခြေစွမ်းအပေါ် အားမရဖြစ်နေပြီး နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်များ၌ အရန်ခုံတွင်သာ ထိုင်စေခဲ့သည်။
ထို့ပြင် သီယိုဟာနန်ဒက်ဇ်အား အဝတ်လဲခန်းအတွင်းတွင် ဆူပူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သီယိုဟာနန်ဒက်ဇ်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် တင်းမာမှုဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။
ဖွန်ဆီကာက သီယိုဟာနန်ဒက်ဇ်သည် စီးရီးအေ၏ အကောင်းဆုံးနောက်ခံလူ (၃) ဦစာရင်းဝင်ဖြစ်သော်လည်း ယခုအချိန်တွင်လုံလောက်မှုမရှိဟု ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
