မန်ယူနိုက်တက်အသင်း၏နည်းပြဖြစ်သူ ရူဘင်အာမိုရင်မ်သည် ဝုလ်ဗ်အသင်းနှင့် ကစားခဲ့သည့်ပွဲလူစာရင်းမှ အသင်း၏ အဓိကတိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်အား ချန်လှပ်ခဲ့ပြီးနောက်တွင် အသင်းဘုတ်အဖွဲ့၏ ထောက်ခံမှုကို အပြည့်အဝရရှိထားကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
ဝုလ်ဗ်အသင်းနှင့်ပွဲစဉ်တွင် အသင်းလူစာရင်းမှ ထုတ်ပယ်ခံရခြင်းမှာ ရပ်ရှ်ဖို့ဒ်အတွက် မန်စီးတီး၊ စပါး၊ ဘုန်းမောက်တို့ပွဲအပြီး (၄) ပွဲဆက်ဖြစ်ပြီး မန်ယူနိုက်တက်အသင်းတာဝန်ရှိသူများကမူ ယင်းအတွက် အာမိုရင်မ်အား မည်သည့်ဖိအားမှ မပေးထားဘဲ စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် မားကပ်စ်ရပ်ရှ်ဖို့ဒ်အား နည်းပြဖြစ်သူ အာမိုရင်မ်က ဆက်လက်ချန်လှပ်မှုများ ပြုလုပ်လျှင်ပင် ဇန်နဝါရီတွင် သေချာပေါက်ရောင်းမည်ဆိုသည့် အာမခံချက်ကို မပေးထားဘဲ အလျင်အမြန် ရောင်းထုတ်ခြင်းထက် သင့်တင့်သည့် ပြောင်းရွှေ့ကြေးရမှသာ ရောင်းထုတ်နိုင်မည်ဟု အသိပေးထားကြောင်းလည်း သိရှိရသည်။
ရပ်ရှ်ဖို့ဒ်သည် မကြာသေးမီက အင်္ဂလန်နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဟင်နရီဝင်းတားနှင့် အင်တာဗျူး ပြုလုပ်ခဲ့ပြီးနောက် စိန်ခေါ်မှုသစ်များအား ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
