မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့ အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်နိုင်သည့် အန္တရာယ်ရှိနေကြောင်း ဝန်ခံပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံးလေးနှစ်ဆက်ရရှိထားသည့် မန်စီးတီးအသင်းသည် ယခုရာသီတွင် စံချိန်တင်ရလဒ်ဆိုးများ ရင်ဆိုင်နေရပြီး ပြိုင်ပွဲစုံနောက်ဆုံး (၁၃) ပွဲတွင် တစ်ပွဲသာအနိုင်ရကာ (၃)ပွဲသရေ၊ (၉)ပွဲအထိ ရှုံးနိမ့်ထားသည်။
မန်စီးတီးအသင်းသည် ပွဲစဉ် (၁၈) အပြီး၌ (၂၈) မှတ်ဖြင့် အဆင့် (၇) နေရာ ရောက်ရှိနေပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် အမှတ်ပြတ်နေသလို၊ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၄) နေရာမှ အာဆင်နယ်အသင်းနှင့် (၅)မှတ်ကွာဟနေရာ ဂွါဒီယိုလာက ယခုလို ဝန်ခံပြောကြားခြင်း ဖြစ်သည်။
''အရင်တုန်းက ကျွန်တော်ပြောတဲ့အချိန်မှာ လူတွေက ရယ်ခဲ့ကြတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကြီးမားတဲ့ အောင်မြင်မှုမဟုတ်ဘူးလို့ သူတို့ပြောကြတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော်သိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ ကလပ်အသင်းတွေက အဲဒီလိုဖြစ်တတ်ပါတယ်။ သူတို့တွေက နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သူတို့ နှစ်ပေါင်းများစွာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ကြဘူး။ မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့နှစ်တွေမှာ ချန်ပီယံဝင်ခွင့်ရရှိခဲ့တဲ့ ဒီအသင်းပါပဲ။ အခုတော့ ကျွန်တော်တို့ အန္တရာယ်ရှိနေပါပြီ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒီလို ဖြစ်နေတာ အသေအချာပါပဲ။ အဲဒီဝင်ခွင့်ကို ယှဉ်ပြိုင်နိုင်တဲ့အသင်းတွေက အများကြီးရှိနေတာပါ။ အသင်းအားလုံးအတွက် အဲဒါက အရေးကြီးပါတယ်။ ကျွန်တော်တို့ နိုင်ပွဲတွေ မရဘူးဆိုရင် လွဲချော်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ဝင်ခွင့်မရဘူးဆိုရင် အဲဒါက ကျွန်တော်တို့နဲ့ ထိုက်တန်မှု မရှိလို့၊ ကျွန်တော်တို့ မပြင်ဆင်ထားလို့၊ ကျွန်တော်တို့မှာ ပြဿနာတွေအများကြီးရှိနေပြီး အဲဒါတွေကို မဖြေရှင်းနိုင်လို့ပါပဲ'' ဟု ဂွါဒီယိုလာက ဆိုသည်။
မန်စီးတီးအသင်းသည် ၂၀၁၁-၂၀၁၂ ရာသီမှစ၍ (၁၄) ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရထားပြီး အင်္ဂလန်ကလပ်များအနက် အာဆင်နယ် (၁၉၉၈-၂၀၁၇၊ ၁၉ ရာသီ) နှင့် မန်ယူ (၁၉၉၆-၂၀၁၄၊ ၁၈ ရာသီ) အသင်းတို့ပြီးလျှင် တတိယမြောက် စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် ရပ်တည်နေသည်။
အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် မန်ယူအသင်းတို့သည် ၂၀၀၅-၂၀၀၆ မှ ၂၀၀၈-၂၀၀၉ ရာသီအထိ လေးရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ၎င်းတို့ (၄)သင်းသာ ရယူနိုင်ခဲ့သည်။
၎င်းတို့အနက် အနည်းဆုံး(၃)သင်းမှာ ၂၀၁၂ ခုနှစ်အထိ (၁၅) ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ကြသည်။
သို့သော် မန်ယူအသင်းမှာ ပြီးခဲ့သည့် (၁၁) ရာသီတွင် (၅)ကြိမ်လွဲချော်ခဲ့သလို အာဆင်နယ်အသင်းမှာလည်း (၆)ကြိမ်လွဲချော်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
