Top News

ဇန်နဝါရီတွင် ကစားသမားသစ်များ ခေါ်ယူရန်လိုကြောင်း ပိုစတီကိုဂလူး ဝန်ခံ
24htopnews | December 27, 2024 8:12 PM CST

စပါးနည်းပြ ပိုစတီကိုဂလူးက လာမည့်ဇန်နဝါရီတွင် ကစားသမားသစ်များ ခေါ်ယူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ စပါးအသင်းတွင် အဓိက ကစားသမားများဖြစ်သော ဂိုးသမား ဗစ်ကာရီယို၊ နောက်ခံလူများဖြစ်သည့် ဗန်ဒီဗန်နှင့် ရိုမဲရိုးတို့ ဒဏ်ရာရနေပြီး အသင်းမှာလည်း ရလဒ်များဆိုးရွားနေသည်။

ထို့ကြောင့် ပိုစတီကိုဂလူးက လာမည့်ဇန်နဝါရီတွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုစတီကိုဂလူးက ''ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖို့ ကျွန်တော် စီစဉ်နေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ကြုံနေရတာက အများကြီးပါ။ ကျွန်တော်တို့အနေနဲ့ (၂) နေရာလောက်မှာ လူအင်အားဖြည့်တင်းဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK