ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၃-၁) ချယ်လ်ဆီးပွဲတွင် အာဆင်နယ်အတွက် တတိယဂိုးကို သွင်းယူခဲ့သော အင်္ဂလန်တောင်ပံကစားသမား ဆာကာက ယင်းဂိုးမှာ ချယ်လ်ဆီး ဂိုးသမား မန်ဒီ နေရာယူပုံလွဲမှားနေ၍ ဂိုးထဲသို့ မိမိ ကန်သွင်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယင်းဂိုးမှာ ချယ်လ်ဆီးအသင်း ဂိုးဧရိယာဘယ်ဘက်မှ (အာဆင်နယ်တိုက်စစ် ညာတောင်ပံ)ဆာကာက ဘောလုံးကို အမြောက်ဘောကန်လိုက်ရာတွင် ဂိုးသမား မန်ဒီ၏ခေါင်း ပေါ်မှကျော်ကာ ဂိုးထဲသို့ တိုက်ရိုက်ဝင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းဂိုးဝင်သွားသည့်ပုံစံမှာ ဖြစ်နိုင်ခြေနည်းသောအနေအထားမှ (ကြက်ကန်းတိုး၍)ဝင်သွားသော ပုံစံမျိုးဖြစ်သော်လည်း ဆာကာက ယင်းဂိုးကို မိမိတမင်တကာချိန်ရွယ်သွင်းယူခဲ့ခြင်းဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲအပြီးတွင် ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်က သူ၏ Twitter စာမျက်နှာ၌ ''မင်း (ဆာကာ)က တော်တော်ရယ်ရတဲ့ကောင်ပဲ။ လူလိမ်'' ဟုရေးသားကာ လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။
ဆာကာနှင့် ဂရီးလစ်ရှ်တို့သည် အင်္ဂလန်လက်ရွေးစင်အသင်းဖော်များဖြစ်ကြပြီး အခြားအင်္ဂလန်တိုက်စစ်မှူးတစ်ဦးဖြစ်သူ အေဘရာဟမ်ကလည်း ဆာကာ၏သွင်းဂိုးမှာ ကံကောင်း၍ရရှိခဲ့သည့်ဂိုးဖြစ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်ဟု Daily Mail သတင်းစာကဖော်ပြခဲ့သည်။
ပွဲအပြီးအာဆင်နယ်ကွင်းလယ်လူ မိန့်လန်းနိုင်းစ်၊ ဆာကာတို့နှင့်အတူ ကွင်းပြင်သို့ထွက်လာသော အေဘရာဟမ်က ''မင်းတကယ်သွင်းခဲ့တာ မဟုတ်ပါဘူး။ ပါးစပ်ပိတ်ထားစမ်းပါကွာ'' ဟု ပြောကြားခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
