ဝုလ်ဗ် ၁-၁ စပါး
စပါးအသင်းက နိုင်ပွဲရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ကျဂိုးပေးရပြီး သရေကျခဲ့ပြန်တယ်။ မော်ရင်ဟိုရဲ့အသင်းတွေက ဒီဘက်နှစ်တွေမှာ နောက်ကျဂိုးပေးရခြင်းက အမြဲလိုလိုဖြစ်နေပြီး၊ ဒါဟာ အနိုင်ဂိုးကို ခံစစ်နဲ့ ထိန်းဖို့ ကြိုးစားနေခြင်းကြောင့်လို့ ပြောရမလိုဖြစ်နေတယ်။ စပါးရဲ့ ပထမပိုင်းကစားပုံက ကောင်းတယ်။ ဒါပေမဲ့ ဒုတိယပိုင်းကစားပုံကတော့ စိတ်ပျက်စရာပါ။ ထိရောက်တဲ့ဖန်တီးမှု မည်မည်ရရမရှိဘဲ ဝုလ်ဗ်အသင်း ဘယ်အချိန် ဂိုးသွင်းမလဲဆိုတာကို ထိုင်စောင့်ရသလိုဖြစ်ခဲ့တယ်။
မော်ရင်ဟို ပေါ်တိုမှာ နည်းပြခဲ့တုန်းက အရန်ဂိုးသမားဖြစ်ခဲ့ဖူးတဲ့ နူနိုက ဒီပွဲမှာ ဆရာဟောင်းကို ယုံကြည်မှုအပြည့်နဲ့ ကစားခဲ့ချိန်မှာ မော်ရင်ဟို ရဲ့စပါးကတော့ ပွဲချိန်ကြာလာတာနဲ့အမျှ အပေါက်အပြဲတွေကို မြင်ခဲ့ရတယ်။ ကိန်း+ဆွန်အ တွဲကလည်း နောက်ပိုင်းပွဲတွေမှာ စွမ်းဆောင်ရည်ကျဆင်းလာသလိုဖြစ်နေပြီး စပါးမှာ ထူးထူးခြားခြားမျက်စိကျအောင် ကစားပြနိုင်ခဲ့တာကတော့ ကွင်းလယ်လူ အန်ဒွန်ဘီလီလို့ပဲ ပြောရမယ်။ ဝုလ်ဗ်မှာတော့ နေတို၊ အဒါမာထရေအိုရေးတို့ ခြေစွမ်းပြခဲ့ကြသလို၊ ဂိုးမရခဲ့ပေမဲ့ ဖေဘီယိုဆေးလ်ဗားကလည်း စပါးခံစစ်ကို တစ်ချိန်လုံး ဒုက္ခပေးနိုင်ခဲ့တယ်။
အယ်လ်ဒါဝီရယ်လ်ကို ခေါက်ထားခဲ့တဲ့ မော်ရင်ဟိုရဲ့အသင်းမှာ ဘင်ဒေးဗီးစ်ဘက်က အားနည်းတဲ့ဇုန်ဖြစ်နေပြီး ပေးလိုက်ရတဲ့ ချေပဂိုးမှာလည်း သူ့ရဲ့ Marking အားနည်းလို့ ပေးလိုက်ရခြင်းဖြစ်တယ်။ စပါးအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁) မိနစ်မှာ အန်ဒွန်ဘီလီက ဘင်ဒေးဗီးစ် ပြန်ချပေးတဲ့ဘောလုံးကို အဝေးက ကန်သွင်းယူခဲ့တာဖြစ်ပြီး ဝုလ်ဗ်အတွက်ချေပဂိုးကိုတော့ ပွဲချိန် (၈၆) မိနစ်မှာ နေတိုရဲ့ထောင့်ကန်ဘောကနေ ဆာအိက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
