လီဗာပူးလ် ၁-၁ ဝက်စ်ဘရွန်း
လီဗာပူးလ်က အကောင်းဆုံးပုံစံ ရနေတဲ့အချိန်မှာ ဝက်စ်ဘရွန်းကို အမှတ်ခွဲပေးလိုက်ရတာ စိတ်ပျက်စရာပါ။ အမှတ်ဖြတ်ခွင့်ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ ဝက်စ်ဘရွန်းက မန်စီးတီးနဲ့ပွဲတုန်းက သရေတစ်မှတ်ခွဲယူခဲ့သလို၊ ဆမ်အလာဒိုက်စ် စကိုင်တဲ့ ဒီပွဲမှာလည်း ကျစ်လျစ်တဲ့ ခံစစ်ပုံစံ၊ တန်ပြန်တိုက်စစ်ကနေ ပြန်ရတဲ့အခွင့်အရေးတွေနဲ့ လီဗာပူးလ်ဆီက အမှတ်ခွဲယူနိုင်ခဲ့ခြင်းဖြစ်တယ်။ လီဗာပူးလ်က တစ်ပွဲလုံး စိုးမိုးထားတာမှန်ပေမဲ့ နိုင်ပွဲအတွက် ထိုက်တန်တဲ့၊ လုံလောက်တဲ့ ခြေစွမ်းမျိုး၊ ထိုးဖောက်မှုမျိုးတွေ မတွေ့ရဘူး။ အထူးသဖြင့် ဒုတိယပိုင်းတစ်ပိုင်းလုံး ဝက်စ်ဘရွန်းခံစစ်ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတဲ့ အဖြေရှာမတွေ့ဘဲ သရေတစ်မှတ်သာ ရရှိခဲ့ခြင်းဖြစ်တယ်။
စပါးကို (၂)ဂိုးသွင်းတယ်၊ ပဲလေ့စ်ကို (၇)ဂိုးသွင်းတယ်၊ ဝုလ်ဗ်ကို (၄) ဂိုးသွင်းတယ်ဆိုပေမဲ့ ဖူလ်ဟမ်နဲ့ပွဲတုန်းက တစ်ဂိုးပဲ ရခဲ့ပြီး သရေကျခဲ့တာ၊ ဘရိုက်တန်နဲ့ပွဲတုန်းက တစ်ဂိုးသာ ရခဲ့ပြီး သရေကျခဲ့တာ၊ အခု ဒီပွဲမှာလည်း ဝက်စ်ဘရွန်းကို တစ်ဂိုးသာရခဲ့ပြီး သရေကျခဲ့တာတွေကိုကြည့်ရင် လီဗာပူးလ်တိုက်စစ်စွမ်းဆောင်ရည်က အကန့်အသတ်တွေရှိနေတာကို တွေ့ရတယ်။ ခံစစ်ဇုန်ထဲမှာ ပိတ်ဆို့ကစားနေတဲ့အသင်းတစ်သင်းကို ဂိုးများများသွင်းနိုင်ဖို့အတွက် အခက်အခဲရှိနေတာလည်း တွေ့ရတယ်။ မာနေက တိုက်စစ်ကိုပဲ အာရုံစိုက်ခဲ့ပြီး ဖေမီနိုနဲ့ မိုဆာလာတို့ နှစ်ဦးစလုံး ကွင်းလယ်အထိ ဆင်းချိတ်တွဲကစားနေပေမဲ့ နေရာလွတ်တွေ ပေါ်မလာတာလည်း တွေ့ရတယ်။
အဓိကပြဿနာကတော့ တစ်ဦးချင်း ကျော်ဖြတ်ရမယ့်အပိုင်းတွေမှာ ဆာလာ သိသိသာသာ အားနည်းနေတာကြောင့် ဖြစ်တယ်။ ကွင်းလယ်အထိ ဆင်းယူတယ်။ ဘောလုံးရတဲ့အချိန်မှာ တစ်ဦးချင်းကျော်ဖြတ်မှုတွေ မလုပ်နိုင်ဘဲ နောက်ပြန်ပေးရင်း တိုက်စစ်လန်ကျတယ်။ ကျော်ဖြတ်မှုတွေ လုပ်တဲ့အချိန်မှာလည်း ဘောလုံးဆုံးတာတွေများသွားတာ တွေ့ရတယ်။ အဖွင့်ဂိုးကို မာနေ သွင်းယူခဲ့ပုံက လှပပြီး (၁၂) မိ နစ်မှာ ရခဲ့တာပါ။ ဒုတိယပိုင်းမှာ လီဗာပူးလ်ထက် ပိုအခွင့်အရေးဖန်တီးနိုင်တဲ့ ဝက်စ်ဘရွန်းရဲ့ချေပဂိုးကိုတော့ အဂျာယီက (၈၂)မိနစ်မှာသွင်းခဲ့တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
