Top News

COVID-19 ကူးစက်မှုကြောင့် သီးခြားနေထိုင်နေရသည့် ဂျေးဇူးနှင့်ဝေါ်လ်ကာတို့ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ် မန်ချက်စတာဒါဘီပွဲတွင် ပြန်ကစားနိုင်ဖွယ်ရှိ
24htopnews | December 27, 2024 10:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုကြောင့် လက်ရှိတွင် သီးခြားနေထိုင်နေရသော မန်စီးတီးတိုက်စစ်မှူး ဂျေးဇူးနှင့် နောက်ခံလူ ကိုင်လီဝေါ်လ်ကာတို့သည် လာမည့်နှစ်သစ် ဇန်နဝါ ရီ(၆)ရက်နေ့တွင် ကစားမည့် လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ် မန်ချက်စတာ ဒါဘီပွဲ၌ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းတွင် ၎င်းကစားသမား(၂)ဦးအပြင် အသင်းတာဝန်ရှိသူ(၂)ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ၎င်းတို့အား ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် ဗြိတိန်အစိုးရ၏ ရောဂါပိုးကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သီးခြားနေထိုင်စေလျက်ရှိကြောင်းသိရသည်။

စည်းမျဉ်းသတ်မှတ်ချက်များအရ ၎င်းတို့အနေဖြင့် (၁၀)ရက် သီးခြားနေထိုင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်စနေနေ့က နယူးကာဆယ်အသင်းနှင့်ကစားခဲ့သော Boxing Day နေ့ပွဲစဉ်ကို စတင်လွဲချော်ခဲ့ရသည်။

ဂျေးဇူး၊ ကိုင်လီဝေါ်လ်ကာတို့အနေဖြင့် အဲဗာတန်၊ ချယ်လ်ဆီးအသင်းတို့နှင့်ဆက်လက်ကစားရမည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်များကို ဆက်၍လွဲချော်မည်ဖြစ်ပြီး ဇန်နဝါရီ (၆)ရက်နေ့တွင်ကစားမည့် လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မန်ချက်စတာဒါ ဘီပွဲ၌ (ရောဂါပိုး ပုံမှန်အတိုင်း ကင်းရှင်းခဲ့ပါက)ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုင်လီဝေါ်လ်ကာသည် ယခုနှစ်မတ်လအတွင်းက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်များကို နှစ်ကြိမ်တိုင်ချိုးဖောက်ခဲ့၍ ဝေဖန်မှုများခံခဲ့ရပြီး ပြန်လည်တောင်းပန်ခဲ့ရဖူးသူ ဖြစ်သည်။    

 


READ NEXT
Cancel OK