ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် လက်စတာ(၂-၂)မန်ယူပွဲတွင် လက်စတာအသင်းဘက်သို့ ပေးခဲ့ရသော ပထမချေပဂိုးအတွက် မန်ယူကွင်းလယ်လူ တွမ်မီနေးအား မန်ယူကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ ပေါလ်စခိုးလ်က ဝေဖန်ပြစ်တင်ခဲ့သည်။
ယင်းပွဲတွင် မန်ယူအသင်းမှာ ပွဲချိန်(၂၃)မိနစ်တွင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် သွင်းယူသောဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန်(၃၁)မိနစ်၌ လက်စတာကွင်းလယ်လူ ဟာဗေးဘန်းစ်က အဝေးကန်ချက်ဖြင့် လက်စတာအသင်းအတွက် ပထမချေပဂိုးကို ပြန်လည် သွင်းယူသွားခဲ့သည်။
ယင်းချေပဂိုးသွင်းယူစဉ်တွင် တွမ်မီနေးက ဟာဗေးဘန်းစ်အား လူကပ်ကစားရန် ပျက်ကွက်ခဲ့ပြီး ဂိုးမဝင်အောင်မတားဆီးနိုင်ခဲ့ခြင်းကို ပေါလ်စခိုးလ်က ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေါလ်စခိုးလ်က မန်ယူကွင်းလယ်လူ တွမ်မီနေးသည် Social Distancing ဖြင့် ကစားလွန်းသည်ဟု BT Sport ရုပ်သံတွင် ဝေဖန်ပြောကြားခဲ့သည်။
BT Sport ရုပ်သံတွင် ဘောလုံးဝေဖန်သူပြုလုပ်နေသည့် ပေါလ်စခိုးလ်က ''တွမ်မီနေးဟာ Social Distancing သတ်မှတ်ချက်အတိုင်း ကစားခဲ့ပါတယ်။ လက်စတာအသင်း သွင်းယူတဲ့ ပထမချေပဂိုးမှာ သူတားဆီးလို့ရပါတယ်။ ဟာဗေးဘန်းစ်က သူ့ရဲ့အရည်အသွေးကို ပြခဲ့သလို၊ ကျွန်တော်တို့အသင်းမှာလည်း သူ့ကို တားဆီးနိုင်တဲ့အရည်အသွေးရှိပါတယ်။ တွမ်မီနေးဟာ ဟာဗေးဘန်းစ်ရဲ့ကန်ချက်ကို ရှေ့ကပိတ်ပြီး တားဆီးရမှာပါ။ ဒီဂိုးမှာ ဂိုးသမား ဒီဟေးယားက (ဘောလုံးလမ်းကြောင်းကို) မြင် ကွင်း ကွယ်နေပါတယ်။ ဒါကြောင့် သူ့ကို အပြစ်တင်ရင်တော့ သိပ်ပြီးမမျှတပါဘူး''ဟု ပြောကြားခဲ့သည်။
မန်ယူပရိသတ်အများစုကမူ ယင်းဂိုးအတွက် အမှားအယွင်းရှိခဲ့သည့် ကွင်း လယ်လူ ဘရူနိုဖာနန်ဒက်စ်နှင့် ထိထိရောက်ရောက်မတား ဆီးနိုင်ခဲ့သည့် နောက်ခံလူ မက်ဂွိုင်းရားတို့အား လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပြစ်တင်ခဲ့ကြသည်။
ယင်းပွဲတွင် မန်ယူအသင်းအတွက် ပွဲချိန် (၇၉)မိနစ်၌ ကွင်းလယ်လူ ဖာနန်ဒက်စ်က ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နောက် (၆)မိနစ်အကြာတွင် လက်စတာအသင်းအတွက် တိုက်စစ်မှူး ဗာဒီက ဒုတိယချေပဂိုး ပြန်လည်သွင်းယူ(ယင်းဂိုးမှာ မန်ယူနောက်ခံလူ တွမ်ဇီဘီနှင့်ထိကာ လမ်းကြောင်းပြောင်းဝင်သွားခဲ့၍ Own Goal အဖြစ် သတ်မှတ်ခဲ့သည်)ခဲ့ပြီး ပွဲအပြီးတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
