Top News

■ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်းမရှိဟု ပါလ်မာ ပြောကြား
24htopnews | December 28, 2024 12:12 AM CST

ချယ်လ်ဆီးအသင်းကွင်းလယ်တိုက်စစ်ကစားသမား ပါလ်မာက မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်းမရှိဟု ဖူလ်ဟမ်အသင်းနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် Boxing Day ပွဲစဉ်တွင် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားခဲ့ရသော်လည်း အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၁၆) မိနစ်တွင် သွင်းယူခဲ့သည့် ပါလ်မာ၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ 

ချယ်လ်ဆီးအသင်းအနေဖြင့် ယင်းပွဲတွင် ဖူလ်ဟမ်အသင်းကို ပွဲချိန် (၈၂) မိနစ်အထိ ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးခဲ့ရကာ ပွဲအပြီးတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ပါလ်မာက ယင်းရှုံးပွဲအပြီးတွင် မိမိတို့အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်နိုင်သည့် အနေအထားမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် အဆိုပါပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ တစ်ပွဲလျော့ကစားထားသည့် လီဗာပူးလ်အသင်း(၄၂ မှတ်)နှင့် (၇)မှတ်အထိ ကွာဟသွားခဲ့သည်။ 

ချယ်လ်ဆီးနည်းပြ မာရက်စကာကလည်း ယခုရာသီတွင် ၎င်းတို့အသင်းအနေဖြင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း ဝန်ခံထားသည်။ 


READ NEXT
Cancel OK