ဗယ်လာဒိုလစ်အသင်း၏ ပရိသတ်များသည် အသင်းပိုင်ရှင် ရော်နယ်လ်ဒိုကို အသင်းမှ ထွက်ခွာသွားရန် အလိုရှိနေကြောင်း သိရသည်။
ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို(၄၈ နှစ်)သည် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခြင်းမရှိဘဲ ၂၀၁၈ ခုနှစ်တွင် လာလီဂါကလပ် ဗယ်လာဒိုလစ်အသင်း၏ ရှယ်ယာများကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၁၈ ခုနှစ်တွင် ဗယ်လာဒိုလစ်အသင်းအား ထိန်းချုပ်စီမံခွင့်ရရှိမည့် ရှယ်ယာ(၅၁%)ကို ယူရိုသန်း (၃၀)ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဗယ်လာဒိုလစ်အသင်းမှာ လာလီဂါပြိုင်ပွဲ၌ အမှတ်ပေးဇယားအောက်ဆုံးနေရာသို့ ရောက်ရှိနေသည့်အတွက် ပရိသတ်များက ၎င်းအား အသင်းမှ ထွက်ခွာသွားရန် တောင်းဆိုနေကြ ခြင်းဖြစ်ကြောင်း သိရသည်။
ရော်နယ်လ်ဒိုသည် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဗယ်လာဒိုလစ်အသင်းကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ဧပြီလအတွင်းက ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်း၏ ရှယ်ယာများကို ပြန်လည်ရောင်းထုတ်ခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
