■ ဘိုကာဂျူနီယာဂိုးသမားကို အာဆင်နယ်အသင်း ချိန်ရွယ်နေ
24htopnews | December 28, 2024 12:12 AM CST
အာဆင်နယ်အသင်းသည် ဘိုကာဂျူနီယာအသင်းမှ အာဂျင်တီးနားဂိုးသမား လီယန်ဒရိုဘရေးကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
လီယန်ဒရိုဘရေး(၂၂ နှစ်)သည် ပြီးခဲ့သည့်ပါရီအိုလံပစ်ပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခဲ့သူဖြစ်ပြီး ဘိုကာဂျူနီယာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။
အာဆင်နယ်အသင်းက ၎င်းကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူ၍ ဘိုကာဂျူနီယာထံ ရာသီကုန်အထိ အငှားပြန်ချထားမည်ဟု သိရသည်။
အာဆင်နယ်အသင်းသည် အသင်းအဓိကဂိုးသမားဖြစ်သူ ရာယာ၏ အရန်ဂိုးသမားနေရာအတွက် လီယန်ဒရိုဘရေးကို ခေါ်ယူလိုနေခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်နွေတွင် အသင်း၏ဒုတိယဂိုးသမားဖြစ်သူ ရမ်းစ်ဒေးလ်ကို ရောင်းချပြီးနောက် အစားထိုးဂိုးသမား ခေါ်ယူခြင်းမရှိသေးပေ။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
