Top News

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမည့် မလေးရှားဝန်ကြီးချုပ်နှင့် ၎င်း၏ အာဆီယံရေးရာ အကြံပေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တွေ့ဆုံဆွေးနွေး
24htopnews | December 28, 2024 1:12 AM CST

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် မလေးရှားဝန်ကြီးချုပ်နှင့် ၎င်း၏အာဆီယံရေးရာ အကြံပေးအဖြစ် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

အာဆီယံရေးရာနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏အကြံပေးအဖြစ်ခန့်အပ်ခံခဲ့ရပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်းသက် ဆင်ရှင်နာဝါထရာကို မလေးရှားဝန်ကြီးချုပ်  အန်ဝါအီဗရာဟင်က ဒီဇင်ဘာ ၂၆ ရက်တွင် တွေ့ဆုံခဲ့သည်။

မစ္စတာအန်ဝါက ယင်းသို့တွေ့ဆုံသည့် အကြောင်းကို ဆိုရှယ်မီဒီယာ X တွင်ပို့စ်တင်ခဲ့ပြီး သက်ဆင်ကို နှစ်လိုဖွယ်ကောင်းသော မိတ်ဆွေဟုဖော်ပြခဲ့သည်။ ၎င်းတို့နှစ်ဦးသည် နှစ်ဦးနှစ်ဖက်ပြဿနာများ၊ ဒေသတွင်းပြဿနာကို ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် ငြိမ်းချမ်းရေးကို  ဖော်ဆောင်ရန်နှင့်မြန် မာ့အရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“ဒေသတွင်းမှာ သက်ဆင်ရဲ့ပြိုင်ဘက်မဲ့ဆက်ဆံရေးကွန်ရက်နဲ့အတူ သူ့ရဲ့ထူးခြားတဲ့ကျွမ်းကျင်မှုက အဲဒီစိန်ခေါ်မှုတွေကို ယုံကြည်မှုကြီးကြီး၊ ထိရောက်မှုရှိရှိကိုင်တွယ်ဖြေရှင်းဖို့ မလေးရှားနိုင်ငံနဲ့ အာဆီယံတို့ အ တွက် အဖိုးတန်တဲ့ အခွင့်အလမ်းတွေကိုလမ်းဖွင့်ပေးဖို့ ကတိပေးနေပါတယ်”ဟု မလေးရှားဝန်ကြီးချုပ်က ဖော်ပြခဲ့သည်။

အန်ဝါသည် ဒီဇင်ဘာ ၁၆ ရက်တွင် ပူထရာဂျာယာ၌ ထိုင်းဝန်ကြီးချုပ် ပယ်ထုံတန် ရှင်နာဝါထရာနှင့်အတူပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အာဆီယံရေးရာကိစ္စများအတွက် ထိုုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ၎င်း၏အကြံပေးအဖြစ်ခန့်မည်ဟု ကြေညာခဲ့သည်။

မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် ၎င်းတို့တွေ့ဆုံခဲ့သည့်နေရာကို အန်ဝါကဖော်ပြခြင်းမရှိပေ။     

Ref: Bangkok Post


READ NEXT
Cancel OK