ရန်ကုန်စည်ပင် ရွေးကောက်ပွဲ၌ သတ်မှတ်မဲဆွယ်စရိတ်ထက် ပိုမိုအသုံးပြုသည့် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိပါကလည်း ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။
“ကိုယ်စားလှယ်လောင်းတွေက နည်းဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း မြို့တော်ကော်မတီနဲ့ မဲဆန္ဒနယ်ခြောက်ခုမှာ ဝင်ပြိုင်မယ့် ပုဂ္ဂိုလ် ၂၇ ဦးက သိန်း ၂၀၀ သတ်မှတ်ထားတယ်။ မဲဆွယ်စည်းရုံးတဲ့အခါ သိန်း ၂၀၀ ထက်ပိုပြီး မသုံးရဘူးလို့ သတ်မှတ်ထားတယ်။ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေက သိန်း ၁၀၀ ထက် ပိုမသုံးရဘူးလို့ သတ်မှတ်ထားတယ်” ဟု ဦးအောင်ခိုင်က ပြောကြားသည်။
မဲဆွယ်စည်းရုံး ကုန်ကျစရိတ်များအား မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲ ကျင်းပပြီးသည့်အချိန်မှ တစ်လအတွင်း ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ကော်မရှင်သို့ တင်ပြခဲ့ပြီးပါက စာရင်းစစ်အဖွဲ့များနှင့် မဲဆွယ်စည်းရုံး ကုန်ကျစရိတ်များကို အဆင့်ဆင့် စိစစ်သွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။
“အသုံးစရိတ်တွေမှာ တံဆိပ်ခေါင်း ကပ်တာကအစ၊ သိန်း ၂ဝဝအတွင်း ဆောင်ရွက်နိုင်ရင် မှန်ကန်တယ်ဆိုရင် ဘာမှမပြောဘူး။ သိန်း ၂၀၀ ကျော်သွားရင် တစ်အချက် မှတ်တမ်းတင်ထားမယ်။ ၂၀၀ ကျော်သုံးတယ်ဆိုပြီး တစ်ယောက်ယောက်က တိုင်လာသည်ဖြစ်စေ၊ ကန့်ကွက်လာသည်ဖြစ်စေ၊ အဲဒီလိုအခါဆိုရင် ပြန်စစ်မယ်။ စာရင်းထဲမှာ မဖော်ပြထားတဲ့ အသုံးစရိတ်တွေ ပါကောင်းပါလာလိမ့်မယ်။ အဲဒါတွေကို သေသေချာချာ ပြန်စစ်ပြီးတော့ ပြစ်မှုထင်ရှားတယ်ဆိုရင် ဘယ်လောက်ပဲ နိုင်နိုင်၊ ခုံအဖွဲ့ရဲ့ အဆုံးအဖြတ်၊ ကျွန်တော်တို့ ကော်မရှင်ရဲ့ အဆုံးအဖြတ်အရ ကိုယ်စားလှယ်အဖြစ်ကနေ ပြန်ရုပ်သိမ်းပိုင်ခွင့် အဆင့်ထိရှိတယ်။ ဒါကအရေးကြီးတယ်” ဟု ဦးအောင်ခိုင်က ဆိုသည်။
ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်အသုံးစရိတ်နှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့်ထက် ကျော်လွန်အသုံးမပြုရန် သိထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်ထိ ကိုယ်စားလှယ်လောင်း အချင်းချင်း တိုင်ကြားမှု မရှိသေးသော်လည်း ဘေးပတ်ဝန်းကျင် မဲဆန္ဒရှင်ပြည်သူများက တိုင်ကြားထားသည့် အချက်အလက်အချို့ရှိကြောင်း၊ တိုင်ကြားချက် မှန်ကန်မှု ရှိ မရှိအား သက်ဆိုင်ရာ ဥပဒေပညာရှင်များဖြင့် တိုင်ပင်ခြင်း၊ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။
“ယခုချိန်အထိတော့ တိုင်ကြားမှုပေါ် မူတည်ပြီး ထုတ်ပယ်လိုက်ရတာတွေ မရှိသေးပါဘူး” ဟု ဦးအောင်ခိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
