Top News

နေပြည်တော် အချုပ်ထောင်ကို စစ်ဆေးရာတွင် အကျဉ်းသားခေါင်းဆောင်များက အချုပ်သားသစ် တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်း ကောက်ခံနေဟု သိရသဖြင့် တာဝန်ခံအရာရှိများက ကြပ်မတ်သင့်ကြောင်း လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
24htopnews | December 28, 2024 4:12 AM CST

နေပြည်ထောင် အချုပ်ထောင်ကို စစ်ဆေးရာတွင် ဝန်ထမ်းများကို ပေးရန်ဟုဆိုကာ အကျဉ်းသား ခေါင်းဆောင်များက အချုပ်သားသစ် တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်း ကောက်ခံနေဟု သတင်းပေးတင်ပြမှုများ ရှိသဖြင့် ယင်းကိစ္စအပေါ် တာဝန်ခံအရာရှိများက ကြပ်မတ်သင့်ကြောင်း လူ့အခွင့်အရေး ကော်မရှင်၏ မတ် ၂၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ် ၅  ရက်တွင် လေးမိုင်ကုန်ထုတ်စခန်းနှင့် တောင်ငူအကျဉ်းထောင်၊ မတ် ၆ ရက်တွင် တောင်ငူအကျဉ်းထောင်၊ မတ် ၇  ရက်တွင် ရမည်းသင်းအကျဉ်းထောင်နှင့် မတ် ၈ ရက်တွင် နေပြည်တော် အချုပ်ထောင်တို့အား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေး အဖွဲ့က ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် နေပြည်တော် အချုပ်ထောင်နှင့် ပတ်သက်၍ အိပ်ဆောင်များသို့ စတင်ရောက်ရှိလာသည့် အချုပ်သားများကို အိပ်ဆောင်ရှိ အခြားအချုပ်သားများက အုပ်စုဖွဲ့ရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်း တင်ပြကြသဖြင့် တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်သင့်ကြောင်း၊ တရားရုံးအပြန် အချုပ်သားများထံမှ ရောဂါနှင့်ပတ်သက်သော ဆေးဝါးများကို ကျန်းမာရေးမှူးက စစ်ဆေးပြီး သိမ်းဆည်းထားကာ ပိုင်ရှင်အချုပ်သားထံ ပြန်လည်ပေးအပ်ချိန်တွင် စနစ်တကျ မပေးအပ်သဖြင့် စနစ်တကျ မှတ်တမ်းရေးသွင်း၍ ဆောင်ရွက်သင့်ကြောင်း၊ အချုပ်ထောင် စာကြည့်တိုက်တွင် စာအုပ်စာပေ စုံလင်စွာ မရှိသည့်အပြင် စနစ်တကျ မထားရှိသဖြင့် တာဝန်ခံအရာရှိက ကြပ်မတ်အကောင်အထည် ဖော်သင့်ကြောင်း၊ အိပ်ဆောင်များသို့ ၂၀ လီတာဆံ့ ရေသန့်ဘူးကြီးများ ဖြန့်ဝေရာတွင် လုံလောက်မှု မရှိသဖြင့် လောက်ငနိုင်ရေး ဆောင်ရွက်ပေးသင့်ကြောင်း၊ ထမင်း၊ ဟင်း ဝေငှသည့် မီးဖိုကြီး တာဝန်ကျ အကျဉ်းသားသည် ဝေငှရာတွင် မျက်နှာလိုက်၍ လုပ်ဆောင်နေကြောင်း သတင်းပို့ တင်ပြကြသဖြင့် လဲလှယ်ပေးသင့်ကြောင်း၊ အချုပ်သားသစ်များကို ဝန်ထမ်းများသို့ပေးရန်ဟုဆိုကာ အကျဉ်းသားခေါင်းဆောင်များက တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ နှုန်း ကောက်ခံနေကြောင်း သတင်းပို့တင်ပြသဖြင့် တာဝန်ခံအရာရှိက ကြပ်မတ်သင့်ကြောင်း၊ အချုပ်ထောင်ရှိ အချုပ်သားအများစုတွင် ဝဲ၊ ယားနာများ ပေါက်နေကြောင်း တွေ့ရှိရသဖြင့် ဆေးဝါးများ ဖြည့်ဆည်းပေးသင့်ကြောင်း၊ အချုပ်ထောင် ဆေးခန်းစတိုတွင် ဆေးဝါးစုံလင်စွာ မတွေ့ရှိရဘဲ အနည်းငယ်သာ တွေ့ရှိရသဖြင့် ဆေးဝါးများ ဖြည့်ဆည်းသင့်ကြောင်း၊ အချုပ်ထောင်တွင် လုပ်ငန်းလိုအပ်ချက်အရ ဖွဲ့စည်းပုံထက် ကျော်လွန်၍ ဝန်ထမ်းများ တာဝန်ချထားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်၍ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသင့်ကြောင်း လူ့အခွင့်အရေး ကော်မရှင်က အကြုံပြုတင်ပြသည်။


READ NEXT
Cancel OK