ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရထားသံလမ်းတစ်ခု နံဘေးတွင် အမျိုးသား သုံးဦး အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ဧပြီ ၂၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်၊ သင်္ဃန်းကျွန်းဘူတာနှင့် ငမိုးရိပ်ဘူတာကြား မိုင်တိုင် (၄/၂၀-၂၁) ရှိ ရထားသံလမ်းပေါ်တွင် ဧပြီ ၂၀ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးရာ သေဆုံးသူမှာ ကို..... (၃၅ နှစ်) ဆိုသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ယင်းနောက် တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းရာ ကို..... (၃၅ နှစ်) မှာ ဧပြီ ၁၉ ရက် ည ၁၁ နာရီခန့်က အဆိုပါ ရထားသံလမ်းအနီးတွင် မျိုးမင်းထိုက် (ခ) အဒူကရင်၊ မျိုးဇော် (ခ) ဟာမစ်ဆိုသူတို့နှင့်အတူ အရက်သောက်ခဲ့ကြောင်း၊ ထိုသို့ ၀ိုင်းဖွဲ့၍ အရက်သောက်စားနေစဉ် စကားများရန်ဖြစ်ရာမှ မျိုးမင်းထိုက် (ခ) အဒူကရင်၊ မျိုးဇော် (ခ) ဟာမစ်ဆိုသူတို့က ကို..... (၃၅) နှစ်အား ကျောက်ခဲဖြင့်ထု၍ သတ်ကာ ရထားသံလမ်းပေါ်သို့ တင်ထားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ မျိုးမင်းထိုက် (ခ) အဒူကရင် (၄၀ နှစ်) နှင့် မျိုးဇော် (ခ) ဟာမစ် (၃၁ နှစ်) တို့နှစ်ဦးအား သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှ (ပ) ၄၇၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
