သထုံမြို့နယ်၊ သုဝဏ္ဏဝတိမြို့၊ ကျိုက္ကော် - ကတိုက်ကြီးလမ်းတွင် အမျိုးသားတစ်ဦး မော်တော်ဆိုင်ကယ်တိမ်းမှောက်ကာ လမ်းဘေးရှိ ချောင်းအတွင်းပြုတ်ကျပြီး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ အသက် ၄၂ နှစ်အရွယ် စောဖိုးမင်းဆိုသူမှာ ညနေပိုင်းအချိန်အထိ ၎င်းလုပ်ကိုင်နေသည့် တောင်ယာမှ ၎င်း၏နေအိမ်သို့ ပြန်မရောက်လာသည့်အတွက်ကြောင့် မိသားစုဝင်များမှ လိုက်လံရှာဖွေခဲ့ရာ ည (၇) နာရီခန့်တွင် စောဖိုးမင်း စီးနင်းလာသည့် တိမ်းမှောက်နေသော မော်တော်ဆိုင်ကယ်အား ကျိုက္ကော် - ကတိုက်ကြီးလမ်း ထန်းပင်တန်းအနီးတွင် တွေ့ရှိခဲ့ကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဲ့ဒီညကမှောင်လာတော့ ချောင်းထဲဆင်းရှာကြဖို့ကအဆင်မပြေဘူး။ အဲ့ဒီတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းမှာ ဒေသခံတွေရော၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကပါ ချောင်းထဲမှာ ရှာဖွေမှုတွေဆက်လုပ်ခဲ့ကြပေမယ့် မွန်းလွဲ ၁၂ နာရီခွဲအချိန်မှ စောဖိုးမင်း ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ကြရတာပါ။ ချောင်းက ခါးလောက်ဘဲနက်တယ်” ဟု ပြောကြားသည်။
ချောင်းအတွင်းပြုတ်ကျကာ ရေနစ်သေဆုံးခဲ့သည့် စောဖိုးမင်း၏ ရုပ်အလောင်းအား ပီတိနှလုံးသားလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိမ်ဆိပ်တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာမှ စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် စောဖိုးမင်း၏ ရုပ်အလောင်း သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ ၎င်း၏နေအိမ်သို့ ပီတိနှလုံးသားလူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
