Top News

■ စီးရီးအေပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက် 
24htopnews | December 28, 2024 12:12 PM CST

အူဒီးနီးစ် - တိုရီနို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၆:၀၀ နာရီ)

အူဒီးနီးစ်က နောက်ဆုံးပွဲမှာ ချီးကျူးစရာပုံစံနဲ့အတူ ဖီအိုရင်တီးနားကို အနိုင်ယူခဲ့တယ်။ တိုရီနိုကတော့ တည်ငြိမ်မှုမရှိသေးပါဘူး။ အူဒီးနီးစ်သရေနဲ့ အနိုင်ပါပဲ။ (၂)သင်းပေါင်း သွင်းဂိုး နည်းနိုင်တယ်။



နာပိုလီ - ဗင်နီဇီယာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၈:၃၀ နာရီ)

နာပိုလီက စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိအနိုင်ရခဲ့တယ်။ ဒါပေမဲ့ အနိုင်ရတဲ့ပွဲတိုင်း နာပိုလီအသင်း ခြေကုန်ထုတ်ခဲ့ရတယ်။ ဗင်နီဇီယာက နာပိုလီထက် အစစအရာရာအားနည်းပါတယ်။ နာပိုလီအသင်း အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲယူလိမ့်မယ်။



ဂျူဗင်တပ်စ် - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၁၁:၃၀ နာရီ)

ဂျူဗင်တပ်စ်က သရေပွဲတွေများနေရာကနေ နောက်ဆုံးပွဲမှာ မွန်ဇာကို အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နည်းပြ မော့တာရဲ့ အသင်းက အရမ်းစိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ အမှတ်လေလွင့်မှုတွေများနေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလိုအပ်ချက်တွေ ရှိသေးတယ်။ ဖီအိုရင်တီးနားကလည်း နောက်ဆုံး (၂)ပွဲဆက်ရှုံးပြီး အဆင့်(၅)ကို ရောက်လာခဲ့တယ်။ တူရင်မှာ ကစားရမှာဖြစ်တာကတော့ ဂျူဗင်တပ်စ်အတွက် တစ်ပန်းသာပါတယ်။ ဂျူဗင်တပ်စ် အနိုင်ကစားလိမ့်မယ်။



အေစီမီလန် - ရိုးမား (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၃၀ ရက် နံနက် ၂:၁၅ နာရီ)

အေစီမီလန်က ရိုးမားနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၉)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၆)ပွဲအနိုင်ရခဲ့တယ်။ ဒါပေမဲ့ လက်ရှိကွင်းတွင်း ခြေစွမ်းကို ကြည့်ရင်တော့ ကွာဟချက်သိပ်မရှိတာကို တွေ့ရမှာပါ။ နည်းပြ ရာနီရေးရီရဲ့ ရိုးမားက ရလဒ်တွေ တောက်လျှောက်ဆိုးရွားနေရာကနေ ဂိုးပြတ်နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ရိုးမားရဲ့ ဒီရာသီစီးရီးအေအဝေးကွင်း စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာဖြစ်ပြီး အခုချိန်အထိ နိုင်ပွဲပျောက်ဆုံးနေဆဲပါပဲ။ အေစီမီလန်အသင်း အိမ်ကွင်းမှာ အနိုင်ကစားပါလိမ့်မယ်။


READ NEXT
Cancel OK