လက်စတာ - မန်စီးတီး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၉:၀၀ နာရီ)
နစ္စတယ်ရွိုင်းရဲ့လက်စတာအသင်းက ဒီပွဲမတိုင်ခင်မှာလည်း ပွဲကျပ်ကို ကစားထားရပြီး အခုအချိန်မှာ မန်စီးတီးအသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်။ မန်စီးတီးက ရလဒ်ပိုင်းဆိုးရွားနေတဲ့အသင်းဖြစ်ပြီး လက်စတာအနေနဲ့ အိမ်ကွင်းမှာ ခံစစ်ကို လုံလုံခြုံခြုံ ကစားနိုင်မယ်ဆိုရင်တော့ ရလဒ်ကောင်းကို မျှော်လင့်နိုင်လိမ့်မယ်။ ဒါပေမဲ့ မန်စီးတီးကလည်း ပထမရာသီဝက်မကုန်ခင် အရှိန်ပြန်တင်ရတော့မှာမို့ မန်စီးတီး နိုင်ပွဲရနိုင်တယ်။
ခရစ္စတယ်ပဲလေ့စ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၉:၃၀ နာရီ)
ဆောက်သမ်တန်ကလည်း နည်းပြသစ်နဲ့အတူ ရာသီလက်ကျန်ကို ဖြတ်သန်းမယ့် အသင်းတစ်သင်းပါ။ လုပ်အားနှုန်းကို အခြေပြုပြီး တိုက်စစ်ကို အရှိန်တင်ဖို့ ကြိုးစားလေ့ရှိတဲ့ ဆောက်သမ်တန်ရဲ့ မူလဟန်နဲ့ သိပ်မကွာဘူးလို့ပဲ ပြောရမယ်။ ဂလက်စနာရဲ့ပဲလေ့စ်က နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းတိုးတက်လာပြီးမှ အာဆင်နယ်ကို ဂိုးပြတ်ရှုံးထားတာ တွေ့ရတယ်။ ဒီပွဲကတော့ အိမ်ကွင်းဖြစ်လို့ ပဲလေ့စ်ကို ကြိုက်တယ်။
အဲဗာတန် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၉:၃၀ နာရီ)
ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန်က ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံးအသင်းတွေထဲက (၂) သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကို Clean Sheet တွေယူပြီး နှစ်ပွဲဆက်သရေကစားခဲ့တယ်။ မေးခွန်းထုတ်ရမှာက ဖောရက်စ်ကိုရော ခံစစ်ကို အားပြုပြီး ပိတ်ဆို့ ကစားဦးမှာလား ဆိုတာပဲ။ လက်ရှိခြေစွမ်းအရ ဖောရက်စ်က ပိုကောင်းတဲ့အသင်းဖြစ်ပြီး အဲဗာတန်က ကစားပုံတိုးတက်နေပါတယ်။ သရေကျသွားနိုင်တယ်။
ဖူလ်ဟမ် - ဘုန်းမောက် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၉:၃၀ နာရီ)
ဖူလ်ဟမ်က အရည်အသွေးမြင့် ကစားသမားအချို့နဲ့ အသင်းလိုက်ဟန်ချက်ကို ပေါင်းစပ်ကစားနေတဲ့အသင်းဖြစ်ပြီး ရလဒ်တွေကလည်း မဆိုးဘူးလို့ ပြောလို့ရတယ်။ ဘုန်းမောက်က Boxing Day မတိုင်ခင် နောက်ဆုံးပွဲမှာ မန်ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ကစားခဲ့သလို လတ်တလောရလဒ်တွေလည်း တိုးတက်နေတဲ့အသင်းပါ။ လက်ရှိ ခြေစွမ်းအရ သရေကျသွားဖို့ များတဲ့ပွဲဖြစ်တယ်။
စပါး - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၉:၃၀ နာရီ)
ဒီပွဲမတိုင်ခင် နှစ်သင်းစလုံး Boxing Day ပွဲစဉ်တွေ ကစားထားပြီး နောက်ဆုံးပွဲ ရလဒ်တွေကို မသိရသေးပါဘူး။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေက ခြေစွမ်းအရဆိုရင် ဝုလ်ဗ်က နည်းပြသစ်နဲ့အတူ နိုင်ပွဲစရခဲ့ပြီး စပါးအသင်းကတော့ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းနဲ့ သွင်းဂိုးတွေကို စပါးက ပြသနိုင်ပါတယ်။ ခံစစ်ပိုင်း ကစားပုံတိုးတက်လာရင်တော့ စပါးပဲ အနိုင်ရလိမ့်မယ်။
ဝက်စ်ဟမ်း - လီဗာပူးလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက် ည ၁၁:၄၅ နာရီ)
ဝက်စ်ဟမ်းရဲ့ရလဒ်တွေက မတည်ငြိမ်ပါဘူး။ ကောင်းချင်တဲ့ပွဲကောင်းတတ်ပြီ ညံ့ရင်လည်း ပျင်းစရာကောင်းလောက်အောင် ညံ့ပါတယ်။ အသင်းမှာ ကစားသမားကောင်းအချို့ရှိပေမယ့် အသင်းလိုက်ဟန်ချက်ကိုက ညီညွတ်မှုအားနည်းတယ်။ လီဗာပူးလ်က အကောင်းဆုံးပုံစံရောက်နေတဲ့အသင်းပါ။ ခံစစ်ပိုင်းက ဂိုးတွေအပေးများတာကို ပြုပြင်နိုင်ရင် အဝေးကွင်းမှာလည်း လီဗာပူးလ်ပဲ ပြတ်ပြတ်သားသားနိုင်နိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
