ပြင်သစ်လက်ရွေးစင်အသင်းနှင့် ပုံရိပ်အသုံးပြုခွင့် ညှိနှိုင်းမရသဖြင့် စပွန်ဆာဓာတ်ပုံရိုက်ကူးရန် ငြင်းဆိုခဲ့သည့် တိုက်စစ်မှူး ဘာပေအား တရားစွဲမည်ဟုဆိုခဲ့သည့် KFC ပြင်သစ် ဒုဥက္ကဋ္ဌ၏ မှတ်ချက်အတွက် တောင်းပန်ကြောင်း KFC ပြင်သစ်က ထုတ်ပြန်ခဲ့သည်။
PSG တိုက်စစ်မှူး ဘာပေသည် စက်တင်ဘာ (၂၀) ရက်က ပုံရိပ်အသုံးပြုခွင့်ပြဿနာများကြောင့် ပြင်သစ်လက်ရွေးစင်အသင်း၏ စပွန်ဆာဓာတ်ပုံရိုက်ကူးခြင်းနှင့် စပွန်ဆာအစီအစဉ်များတွင် ပါဝင်ရန်ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ယင်းနောက် KFC ပြင်သစ် ဒုဥက္ကဋ္ဌဖြစ်သူ အာလိန်ဘာရယ်လ်က မိမိတို့အနေဖြင့် စပွန်ဆာအတွက် ငွေကြေးများစွာ ပေးချေထားရပြီး ပြန်လည်ရပိုင်ခွင့်အတွက် လိုအပ်လျှင် တရားစွဲသွားမည်ဟု စက်တင်ဘာ (၂၀) ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် နောက်တစ်ရက်အကြာဖြစ်သည့် စက်တင်ဘာ (၂၁) ရက်တွင် အာလိန်ဘာရယ်လ်၏ ပြောဆိုမှုအတွက် နောင်တရမိကြောင်း KFC ပြင်သစ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
KFC ပြင်သစ်၏ထုတ်ပြန်ချက်တွင် ''အာလိန်ဘာရယ်လ်၏မှတ်ချက်အတွက် KFC ပြင်သစ်အနေဖြင့် နောင်တရမိကြောင်း၊ ၎င်း၏မှတ်ချက်မှာ ပုဂ္ဂိုလ်ရေးအမြင်သာဖြစ်ပြီး ကုမ္ပဏီကို ကိုယ်စားမပြုကြောင်း၊ KFC ပြင်သစ်အနေဖြင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နှင့် လက်တွဲခွင့်ရသည့်အတွက် ဂုဏ်ယူနေကြောင်း၊ ယခုပြဿနာကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
