သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာဖရွန်းက မိမိအနေဖြင့် ချယ်လ်ဆီးအသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၄၅) နှစ်အရွယ်ရှိ ခရစ္စတိုဖာဖရွန်းသည် ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် မာနေ၊ ဟော်လန်း တို့ကဲ့သို့ ကစားသမားများကို ရှာဖွေပေးခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းပူးတွဲပိုင်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သူ တော့ဒ်ဘိုလီသည် ၎င်းကို အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သို့သော် ခရစ္စတိုဖာဖရွန်းက မိမိအနေဖြင့် ဆာလ်ဇ်ဘာ့ဂ်တွင် အလွန်အဆင်ပြေနေသည့်အတွက် ချယ်လ်ဆီးအသင်း၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို လိုချင်ခဲ့ပြီး အဲဒီအတွက် ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ထိပ်တန်းအသင်းကြီးတစ်သင်းက ကျွန်တော့်ကို စိတ်ဝင်စားတာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ အရမ်းကို အဆင်ပြေနေတာကြောင့် အသင်းပြောင်းဖို့ဆိုတာ စဉ်းတောင်မစဉ်းစားပါဘူး။ ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို စိတ်ဝင်စားတာကိုတော့ ဂုဏ်ယူမိပါတယ်''ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
