Top News

မီးခိုးဗုံး၊ မီးရှူးမီးပန်းဖြင့်  ပစ်ပေါက်သူများနှင့် ကွင်းအတွင်းဝင်ရောက်သူများကို အနည်းဆုံးတစ်နှစ် ပွဲပယ်ပွဲကြည့်ခွင့်ပိတ်ပင်မည်ဟု ပရီးမီးယားလိဂ် ကြေညာ
24htopnews | December 28, 2024 1:12 PM CST

ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များတွင် ကွင်းအတွင်း မီးခိုးဗုံးများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်သူများနှင့် ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်သူများကို သက်ဆိုင်ရာကလပ်အသင်းများအနေဖြင့် အလိုက်အလျောက် ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်မည်ဖြစ်ပြီး အနည်းဆုံးတစ်နှစ်ဖြစ်ကြောင်း ပရီးမီးယားလိဂ်က ကြေညာခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀) သည် ဘောလုံးကွင်းများအတွင်း ယဉ်ကျေးမှုမရှိသည့် အပြုအမူများနှင့် ရာဇဝတ်မှုဆန်သည့် လုပ်ရပ်များကို မပေါ်ပေါက်စေရန်အတွက် ယခုကဲ့သို့ ပြစ်ဒဏ်များချမှတ်ချရန် သဘောတူညီခဲ့ခြင်းကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀)မှ ရှယ်ယာရှင်များသည် စက်တင်ဘာ (၂၁) ရက်တွင် အစည်းအဝေးပြုလုပ်ပြီးနောက် ကွင်းအတွင်း ပရိသတ်များ၏ အပြုအမူများကို ထိန်းသိမ်းနိုင်ရန် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်၏ထုတ်ပြန်ချက်တွင် ''ယနေ့ကျင်းပသည့် ပရီးမီးယားလိဂ်ရှယ်ယာရှင်များအစည်းအဝေးတွင် ကွင်းအတွင်း ပရိသတ်များ၏ ယဉ်ကျေးမှုမရှိသည့် အမူအရာများနှင့် ရာဇဝတ်ဆန်သည့် အပြုအမူများကို ထိန်းသိမ်းရန်အတွက် အနိမ့်ဆုံးပြစ်ဒဏ်ကို ကန့်ကွက်သူမရှိဘဲ အားလုံးသဘောတူခဲ့ကြကြောင်း၊ ကွင်းအတွင်း မီးခိုးဗုံး (သို့) မီးရှူးမီးပန်း သယ်ဆောင်သူများနှင့် ကွင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ချိုးဖောက်ဝင်ရောက်သူများကို အနည်းဆုံးတစ်နှစ် ကွင်းအတွင်းကြည့်ရှုခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း၊ အသက်မပြည့်သေးသူများ ကျူးလွန်ပါက အုပ်ထိန်းသူများပါ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း'' ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် မီးခိုးဗုံးပစ်ပေါက်မှုနှင့် ပရိသတ်များ ကွင်းအတွင်းဝင် ရောက်မှုများရှိခဲ့ကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK