Top News

ပြီးခဲ့သည့်နွေရာသီ၌ ပေါင်သန်း (၂၀၀) ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ဇန်နဝါရီတွင် ကစားသမားသစ်ထပ်ဝယ်ရန် တန်ဟက်ဂ် ဆန္ဒရှိ
24htopnews | December 28, 2024 1:12 PM CST

မန်ယူအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလ၌ ကစားသမားခေါ်ယူမှုအတွက် ပေါင်သန်း (၂၀၀) ကျော် အသုံးပြုခဲ့သော်လည်း အသင်းနည်းပြ တန်ဟက်ဂ်အနေဖြင့် အားရမှုမရှိသေးဘဲ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ထပ်မံခေါ်ယူရန် ဆန္ဒရှိနေကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် မာလာစီယာ၊ အဲရစ်ဆင်၊ ဟယ်ဒယ်စတုန်း၊ လီဆန်ဒရိုမာတီနက်ဇ်၊ ကက်စီမီရိုနှင့် အန်တိုနီတို့ (၆) ဦးကို ပေါင်သန်း (၂၀၀) ကျော် အသုံးပြုကာခေါ်ယူခဲ့သည်။

သို့သော် မန်ယူနည်းပြ တန်ဟက်ဂ်သည် အသင်းကိုအင်အားဖြည့်တင်းမှုများ ထပ်မံပြုလုပ်ရန်ဆန္ဒရှိနေခြင်းဖြစ်သည်။

တန်ဟက်ဂ်က  ''ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ များစွာလုပ်ပြီး အသင်းတိုးတက်ရေးအတွက် လုပ်ဆောင်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့်ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာ အင်အားဖြည့်တင်းမှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်''ဟု ပြောကြားခဲ့သည်။

ဗြိတိန်မီဒီယာများ၏ ဖော်ပြမှုအရ တန်ဟက်ဂ်အနေဖြင့် လာမည့်ဇန်နဝါရီတွင် အသုံးစရိတ် ပေါင်သန်း (၇၀)ရဖွယ်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ဘာစီလိုနာကွင်းလယ်လူ ဒီယွန်းကို ပစ်မှတ်ထားနေဆဲဖြစ်ကြောင်းလည်း သိရသည်။ 

 


READ NEXT
Cancel OK