ချယ်လ်ဆီးအသင်းသည် ယခုလအစောပိုင်းကမှ ခန့်အပ်ထားသည့် အသင်းစီးပွားရေးဒါရိုက်တာ ဝီလ်လော့ချ်ဘီအား အမျိုးသမီးအေးဂျင့်ထံ မသင့်လျော်သည့် မက်ဆေ့ချ်ပေးပို့မှု ပေါ်ပေါက်လာပြီးနောက် ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သိရှိရသည်။
ဝီလ်လော့ချ်ဘီသည် ချယ်လ်ဆီးအသင်းတွင် ၂၀၀၇ ခုနှစ် ၂၀၁၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ဖူးသလို၊ မန်စီးတီးအသင်းနှင့် ကမ္ဘာကျော်ဂိမ်းစ်ကုမ္ပဏီ EA Sports တွင်လည်း အလုပ်လုပ်ဖူးသူဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ၎င်းကို ယခုလအစောပိုင်းကမှ အသင်းစီးပွားရေးဒါရိုက်တာအဖြစ် ဒုတိယအကြိမ်မြောက် အလုပ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝီလ်လော့ချ်ဘီသည် ချယ်လ်ဆီးအသင်း၏ စီးပွားရေးဒါရိုက်တာရာထူးကို လက်မခံမီ အမျိုးသမီးအေးဂျင့်တစ်ဦးထံ မသင့်လျော်သည့် မက်ဆေ့ချ်ပို့ပေးခဲ့ကြောင်း သိရသည်။ ဝီလ်လော့ချ်ဘီသည် ဘောလုံးဘဏ္ဍာရေးဆိုင်ရာ အမျိုးသမီးအေးဂျင့်တစ်ဦးဖြစ်သည့် ကာတာလီနာကင်ဆိုသူအား ၂၀၂၁ ခုနှစ်က လိင်ပိုင်းဆိုင်ရာစော်ကားသည့် မက်ဆေ့ချ်များ ပေးပို့ခဲ့ကြောင်း သိရသည်။
Telegraph ၏ ဖော်ပြမှုအရ ကာတာလီနာကင်သည် အဆိုပါဖြစ်ရပ်အား ချယ်လ်ဆီးအသင်း၏ စီးပွားရေးဥက္ကဋ္ဌ တွမ်ဂလစ်ခ်အား တိုင်ကြားခဲ့ကြောင်း သိရသည်။ တွမ်ဂလစ်ခ်သည် ဝီလ်လော့ချ်ဘီအား အသင်းစီးပွားရေးဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သူဖြစ်ရာ ကာတာလီနာကင်က ၎င်းကို အထောက်အထားနှင့်တကွ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းတိုင်ကြားမှုကို ချယ်လ်ဆီးအသင်းက စုံစမ်းစစ်ဆေးပြီးနောက် ဝီလ်လော့ချ်ဘီအနေဖြင့် အပြစ်ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ရာထူးမှ ချက်ချင်းထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်း၏ထုတ်ပြန်ချက်တွင် ယခုလအစောပိုင်းကမှ စီးပွားရေးဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည့် ဝီလ်လော့ချ်ဘီကို အမျိုးသမီးတစ်ဦးထံ မသင့်လျော်သည့် မက်ဆေ့ချ်ပေးပို့မှုကြောင့် ရာထူးမှထုတ်ပယ်ကြောင်း၊ ချယ်လ်ဆီးအသင်းသည် လူ့အသိုင်းအဝိုင်းစည်းမျဉ်းကို တန်ဖိုးထားကြောင်း ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
