Top News

မကြာခင်ထိုးသတ်ရမည့်ပွဲအတွက် One Championship နှင့် လက်မှတ်ထိုးပြီးကြောင်း မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် ထုတ်ပြန်
24htopnews | December 28, 2024 1:12 PM CST

မြန်မာ MMA ဖိုက်တာဖြစ်သူ အောင်လအန်ဆန်က မကြာခင် ထိုးသတ်ရမည့် ပွဲအတွက် One Championship နှင့် လက်မှတ်ထိုးပြီးကြောင်း သူ၏ Facebook လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

အောင်လအန်ဆန်က "One Championship နဲ့ ကျွန်တော် လက်မှတ်ထိုးလိုက်ပါပြီ။ ကျွန်တော့်အသင်းက လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပေးမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ကို ချစ်ခင်ကြတဲ့သူတွေရော၊ အားပေးကူညီကြတဲ့သူတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် မကြာခင်ထိုးသတ်မည့်ပွဲအတွက် One Championship နှင့် လက်မှတ်ထိုးပြီးကြောင်း ထုတ်ပြန်ခဲ့သော်လည်း ထိုးသတ်မည့်ပြိုင်ဘက်၊ ထိုးသတ်မည့်နေရက်တို့ကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိကြောင်း သိရသည်။

သို့သော် အစောပိုင်းကာလကပင် မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား MMA ဖိုက်တာ ယူရှင်အိုကာမီတို့သည် တိုကျိုမြို့၌ကျင်းပမည့် Amazon Prime 4 ၌ ထိုးသတ်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ Asian MMa သတင်းဌာန၏ ဖော်ပြမှုအရ အောင်လအန်ဆန်နှင့် ဂျပန် MMA ဖိုက်တာ ယူရှင်အိုကာမီတို့သည် လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် တိုကျိုမြို့၌ကျင်းပမည့် Amazon Prime 4 ထိုးသတ်ရန် သဘောတူညီမှု ရရှိထားသည်ဟု ဖော်ပြခဲ့သည်။

One Championship အဖွဲ့အစည်းသည် အမေရိကန်ဈေးကွက်သို့ ထိုးဖောက်ရန် စီစဉ်လျက်ရှိရာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အခြေစိုက် Amazon Prime Video က MMA ပြိုင်ပွဲများကို  ထုတ်လွှင့်ပြသရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

One Championship အဖွဲ့အစည်းသည် ယခုနှစ်အတွင်း Amazon Prime Video မှ MMA ပြိုင်ပွဲ (၅) ပွဲကို သြဂုတ်မှ ဒီဇင်ဘာအတွင်း ထုတ်လွှင့်ပြသရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် One Championship အဖွဲ့အစည်းသည် ဂျပန်ဈေးကွက်သို့လည်း ထိုးဖောက်လိုသောကြောင့် နိုဝင်ဘာ ၁၉ ရက်တွင်ပြုလုပ်မည့် Amazon Prime 4 ပြိုင်ပွဲကို တိုကျိုမြို့၌ ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက်တွင်ပြုလုပ်မည့် Amazon Prime 4 ပြိုင်ပွဲ ကျင်းပမည့်အချိန်မှာ ဂျပန်ဒေသစံတော်ချိန် နံနက် ၁၁ နာရီ၊ အမေရိကန် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်၊ သောကြာညဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် နောက်ဆုံးပွဲတွင် ရုရှားဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။


READ NEXT
Cancel OK