Top News

အချိန် (၂) နာရီကြာ ပါဝင်လုပ်ဆောင်ရုံဖြင့် ဒေါ်လာသန်း (၁၀၀) ရမည့် အလုပ်ကို မိုက်ကယ်ဂျော်ဒန် ငြင်းဆန်ခဲ့ဖူးသည်ဟု မန်နေဂျာဖြစ်သူ ပြောကြား
24htopnews | December 28, 2024 1:12 PM CST

 

NBA ဂန္ထဝင်ကစားသမား မိုက်ကယ်ဂျော်ဒန်၏ မန်နေဂျာဖြစ်သူက မိုက်ကယ်ဂျော်ဒန်သည် အချိန် တစ်နာရီ၊ နှစ်နာရီမျှ ပါဝင်လုပ်ဆောင်ရုံဖြင့် ဒေါ်လာ သန်း (၁၀၀) ရရှိမည့် အလုပ်တစ်ခုကို ငြင်းဆန်ပယ်ချခဲ့ဖူးသည်ဟု ပြောကြားခဲ့သည်။

မိုက်ကယ်ဂျော်ဒန်သည် ဘက်စကတ်ဘောလောကတွင်သာမက အားကစားလောကတစ်ခုလုံးတွင် စျေးကွက်အကြီးမားဆုံးကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ယခုအချိန်အထိ မယုံနိုင်စရာ စပွန်ဆာဝင်ငွေများကို ရရှိနေဆဲဖြစ်သည်။ သို့ရာတွင် မိုက်ကယ်ဂျော်ဒန်သည် ငွေရတိုင်း စပွန်ဆာဝင်ငွေများကို လက်ခံမနေကြောင်း မန်နေဂျာဖြစ်သူ ဒေးဗစ်ဖော့က ရှင်းပြခဲ့ခြင်းဖြစ်သည်။

ဒေးဗစ်ဖော့က "ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က အသင်းရဲ့အစီအစဉ်တစ်ခုနဲ့ ကျွန်တော်တို့ အာရှကို ခရီးထွက်ရပြီး အဲ့ဒီမှာ တစ်ရက်တည်း နဲ့ ဒေါ်လာ (၇)သန်းရမယ့် ကိစ္စတစ်ခုကို သူ ငြင်းလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတစ်ဦးက သူနဲ့ တစ်ရက်တာ ဂေါ့ဖ်ကစားပေးဖို့အတွက် ဒီပမာဏနဲ့ ကမ်းလှမ်းခဲ့တာပါ။ တကယ်တော့ အဲဒီမတိုင်ခင်မှာ မိုက်ကယ်ဂျော်ဒန်ဟာ ပြင်ဆင်မှုလေး တစ်နာရီ၊ နှစ်နာရီလောက် လုပ်ပေးရုံ နဲ့ ဒေါ်လာသန်း (၁၀၀)ရမယ့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့သူဖြစ်ပြီး ဒီကမ်းလှမ်းမှုကိုလည်း ငြင်းခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ 

 


READ NEXT
Cancel OK