Top News

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမားများထဲတွင် Instagram ၌ သြဇာအကြီးဆုံးအဖြစ်စီရော်နယ်လ်ဒို ရပ်တည်နေပြီး Post တစ်ခု၏ ပျမ်းမျှတန်ဖိုးမှာ ပေါင် ၃ ဒသမ ၁ သန်းအထိရှိ
24htopnews | December 28, 2024 1:12 PM CST

 

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမားများထဲတွင်Instagram ၌ သြဇာအကြီးဆုံး ကစားသမားအဖြစ် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ထိပ်ဆုံး၌ ရပ်တည်နေပြီး Post တစ်ခု၏ ပျမ်းမျှ တန်ဖိုးမှာ ပေါင် ၃ ဒသမ ၁ သန်းအထိ ရှိနေ ကြောင်း သိရသည်။

မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် Instagram တွင် Follower အရေအတွက် ၄၈၁ သန်း အထိရှိပြီး ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် ကစားသမားများထဲတွင် Follower အများဆုံးလည်းဖြစ်သည်။ ယခုစစ်တမ်းကို စာရင်းအင်းနှင့် အချက်အလက်ကုမ္ပဏီ Nielsen Grancenote က ထုတ်ပြန်ခြင်းဖြစ်ပြီး ကစားသမားများ၏ Follower အရေအတွက်၊ တစ်နှစ်အတွင်းFollower တိုးလာမှု၊Engagement နှုန်း၊ Post တစ်ခု အတွက် ပျမ်းမျှတန်ဖိုးစသည့် အချက်များ ပေါ်တွင် အခြေခံတွက်ချက်ထားကြောင်း သိရသည်။ 

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း Follower အရေအတွက် ၄၇ ရာခိုင်နှုန်းတိုးလာပြီး Engagement မှာလည်း ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်။ စီရော်နယ်လ်ဒို၏အဓိကပြိုင်ဘက် မက်ဆီမှာFollower အရေအတွက် သန်း ၃၆၀ ရှိပြီး Post ၏ပျမ်းမျှတန်ဖိုးမှာ ပေါင် ၂ ဒသမ ၃ သန်းရှိသည်။ တတိယနေရာတွင် နေမာကFollower ၁၇၈ သန်း၊ စတုတ္ထနေရာတွင် ဘာပေက ၇၂ ဒသမ ၅ သန်းဖြင့် ရပ်တည်နေပြီး ယင်း PSG ကစားသမားနှစ်ဦး၏ Post ပျမ်းမျှတန်ဖိုးမှာ ပေါင် တစ်သန်းကျော်သာ ရှိကြောင်း သိရသည်။ 

ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အနိုင်ဂိုးသွင်းခဲ့သည့် ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်မှာ Follower တိုးတက်မှု အရေအတွက်သည် ၈၉ ဒသမ ၆၉ ရာခိုင် နှုန်း ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းမှ ပြင်သစ်ကွင်းလယ်လူ ကွန်တေမှာEngagement အများဆုံးအဖြစ် ၁၁ ဒသမ ၁၈ ရာခိုင်နှုန်းရှိခဲ့သည်။ Nielsen Grancenote ၏ သြဇာအကြီးဆုံးကစားသမားစာရင်း၌ Follower အရေအတွက်မှာ အကြောင်းအရာတစ်ခုသာ ဖြစ်သောကြောင့် ဗင်နီစီယပ်စ်(၂၃ သန်း)မှာ အဆင့် ငါးနေရာ ရောက်ရှိနေပြီး ဘန်ဇီမာ(၅၈ သန်း)၊ ဒီဘားလား(၄၉ သန်း)တို့မှာ အဆင့် ခြောက်နှင့် ခုနစ်နေရာများ၌ ရပ်တည်နေခြင်းများလည်း ရှိသည်။ 

ကွန်တေ(၁၄ သန်း)က အဆင့် ရှစ်၊ ပေါ့ဘာ(၅၅ သန်း)က အဆင့်ကိုး၊ ရာမို့စ် (၅၃ သန်း)က အဆင့် ၁၀ နေရာများတွင် ရှိနေသည်။ တစ်နှစ်အတွင်း Follower တိုးတက်မှုအများဆုံးအဖြစ် ဂါဗီက ၅၁၆၄ ဒသမ ၆၈ ရာခိုင်နှုန်း၊ ရာဖင်ညာက ၈၉၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ အန်တိုနီက ၂၁၁ ဒသမ ၁၇ ရာ ခိုင်နှုန်း၊ ပတ်ဒရီက ၁၅၈ ဒသမ ၅၃ ရာခိုင် နှုန်း၊ ဒီပေါလ်က ၁၀၅ ဒသမ ၅၅ ရာခိုင်နှုန်း အထိ ရှိခဲ့သည်။


READ NEXT
Cancel OK