ပုံရိပ်မူပိုင်ခွင့်နှင့် ပတ်သက်ပြီး တိုက်စစ် မှူး ဘာပေ၏တောင်းဆိုမှုကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) က လက်ခံခဲ့ပြီး ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပြင်သစ်အသင်းသည် လက်တွဲထားသော စပွန်ဆာကုမ္ပဏီများအတွက် ကြယ်ပွင့် ကစားသမားများ၏ပုံရိပ်များကို အသုံးချနေသည်ဟု ဘာပေက ယူဆနေပြီး ၎င်းအနေဖြင့်လည်း သီးသန့်စပွန်ဆာများ ရှိနေခြင်းကြောင့် ၎င်း၏ ပုံရိပ်ကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ် အကျိုးအတွက် အသုံးပြုခွင့်မပြုရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
ဘာပေသည် အသင်းလိုက်ဓာတ်ပုံရိုက်ကူးမှုတွင်လည်း ပါဝင်မည်မဟုတ်ဟု တရားဝင်ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ FFF ၏ထုတ်ပြန်ချက်တွင် ပြင်သစ်အသင်းအမှုဆောင်များ၊ ဥက္ကဋ္ဌ၊ နည်းပြ၊ စျေးကွက်မန်နေဂျာတို့နှင့် ဆွေးနွေးပြီးနောက် FFF အနေဖြင့် နိုင်ငံလက်ရွေးစင်ကစားသမားများ၏ ပုံရိပ်မူပိုင်ခွင့်နှင့်ပတ်သက်ပြီး သဘောတူညီချက်အပေါ် ပြန်လည်သုံးသပ်မှုများ အမြန်ဆုံးပြုလုပ်သွားမည်ဟု ရေးသား ခဲ့သည်။
FFF သည် KFC, Uber Eats, Coca-Cola, အွန်လိုင်းလောင်းကစားပြု လုပ်သော ကုမ္ပဏီ Betclic တို့နှင့် စပွန်ဆာ စာချုပ်များ ရှိနေပြီး ဘာပေက အချို့စပွန်ဆာ ကုမ္ပဏီများအတွက် ဓာတ်ပုံရိုက်ကူးမှုသည် သူ၏ဂုဏ်သတင်းနှင့် ကျင့်ဝတ်ကို ထိခိုက်စေနိုင်သည်ဟုဆိုကာ ယခုကဲ့သို့ အရေးဆိုခဲ့ခြင်းဖြစ်သည်။
ဘာပေအနေဖြင့် ပြင်သစ်အသင်းစပွန်ဆာများမှ ရရှိသည့်ငွေကြေးအားလုံးကို လှူဒါန်းမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
