ပိုလန်လက်ရွေးစင်တိုက်စစ်မှူးနှင့် အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက Ballon d'Or ဆု ဆွတ်ခူးရန်အတွက် ဘိုင်ယန်မြူးနစ်ထက် ဖြစ်နိုင်ခြေပိုများသည့် အခြေအနေကြောင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဝန်ဒေါစကီးသည် Ballon d'Or ဆု နှင့် နှစ်ကြိမ်တိုင် နီးစပ်ခဲ့သော်လည်း ကံမကောင်းစွားဖြင့် လက်လွှတ်ခဲ့ရသူလည်း ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် လီဝန်ဒေါစကီးမှာ Ballon d'Or ဆုအတွက် ပြိုင်ဘက်မရှိ ကစားသမားဖြစ်သော်လည်း ပြင်သစ်ဘောလုံးမဂ္ဂ ဇင်းက COVID-19 ကပ်ရောဂါကြောင့် ယင်းနှစ်ဆုချီးမြှင့်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၎င်းင်းသည် ၂၀၂၁ ခုနှစ်တွင်လည်း သူ၏စွမ်းဆောင်ရည်ကြောင့် ဆုရရှိရန် အခွင့်အလမ်းအကောင်းဆုံးဖြစ် ခဲ့သော်လည်း အာဂျင်တီးနားအသင်းနှင့် ကိုပါအမေရိကချန်ပီယံဆု ရရှိခဲ့သည့် မက်ဆီကို စံချိန်တင်အဖြစ် ခုနစ်ကြိမ်မြောက် ချီးမြှင့်ခဲ့ခြင်းကြောင့် အများဝေဖန်စရာ ဖြစ်ခဲ့သည်။ လီဝန်ဒေါစကီးသည် ယခုနွေရာသီတွင် ဘာ စီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ရာသီအ ဖွင့် ရှစ်ပွဲတွင် ၁၁ ဂိုး သွင်းယူထားနိုင်သည်အထိ ခြေစွမ်းပြလျက်ရှိသည်။
"ဘာစီလိုနာ အသင်းပရိသတ်တွေ နူးကမ့်ကွင်းထဲမှာ ကျွန်တော့်အတွက် သီချင်းကို အခုလို လျင်မြန်စွာ သီဆိုလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဒါက ကျွန်တော့်ကို ဒီမှာ ကာလရှည်ရှိနေသလိုမျိုး ခံစားမိစေခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ Ballon d'Orဆုကို ကစားသမား အများဆုံး ဆွတ်ခူးထားတဲ့အသင်းပါ။ ဒီဆု ရရှိနိုင်ရေးလမ်းကြောင်းမှာ ဘိုင်ယန်မြူးနစ်ထက် ဘာစီလိုနာက ပိုမြန်နိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်" ဟု လီဝန်ဒေါစကီးက Marca နှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ယခုနှစ်Ballon d'Or ဆု ဆန်ခါ တင်စာရင်းတွင် ပါဝင်နေလျက်ရှိသော်လည်း ဘန်ဇီမာက ဆုရရှိရန် သေချာနေသည့်အနေအထားရှိသည်။ မကြာသေးမီက ချန်ပီယံလိဂ် ပွဲစဉ်တွင် အသင်းဟောင်း ဘိုင်ယန်မြူးနစ်နှင့် တွေ့ဆုံမှု၌ (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့မှုအပေါ် သင်ခန်းစာတစ်ခုဟုလည်း လီဝန်ဒေါစကီးက မှတ်ချက်ပြုခဲ့သည်။
"ဘိုင်ယန်နဲ့ကစားခဲ့ရတဲ့ပွဲက ကျွန်တော်တို့ အတွက် သင်ခန်းစာတစ်ခုပါပဲ။ ပွဲမတိုင်မီမှာတော့ ကျွန်တော်တို့ကစားပုံနဲ့ အခွင့်အရေး ဖန်တီးနိုင်မှုအပိုင်းတွေမှာ အဲဒီလောက်အထိ မမျှော်လင့်ထားပါဘူး။ ဒီပွဲက ခက်ခဲတဲ့ပွဲတွေ မှာ ကျွန်တော်တို့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်" ဟု လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
