လာမည့်နှစ်နွေရာသီတွင် စပါးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို အသင်းမှ လူကာကူနှင့် အလဲအထပ်လုပ်ပြီး ကမ်းလှမ်းရန် ချယ်လ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာ ဆန္ဒရှိနေကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်အ ပြောင်းအရွှေ့စျေးကွက်တွင် မန်စီးတီးတောင်ပံကစားသမား စတာလင်၊ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းတို့နှင့် တိုက်စစ်ပိုင်းကို အားဖြည့်ထားသော်လည်း မကြာသေးမီကမှ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံထားရသည့် ဂရေဟမ်ပေါ်တာက ၂၀၂၃ ခုနှစ်တွင် သူ၏တိုက်စစ်အင်အားစု၌ ဟာရီကိန်းကို ဖြည့်တင်းလိုလျက်ရှိနေသည်ဟု အီတလီ အားကစားမီဒီယာများက ဖော်ပြခဲ့သည်။
လူကာကူသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ပရီးမီးယားလိဂ်၌ ခြေစွမ်းမပြနိုင်သောကြောင့် အင်တာမီလန်အသင်းတွင် အငှားပြန်ကစားနေပြီး မကြာသေးမီကလည်း အင်တာအသင်းက ၎င်းကို အပြီး သတ်ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟုလည်း သတင်းထွက်ခဲ့သည်။
လူကာကူသည် အင်တာအသင်း စီးရီးအေချန်ပီယံဖြစ်ခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် လက်ရှိစပါးအသင်း နည်းပြ ကွန်တီ၏လက်အောက်၌ အဓိက ကစားသမားဖြစ်ခဲ့သည်။ သို့သော် လူကာကူ အနေဖြင့် ယခုရာသီတွင် အင်တာအသင်း၌ သုံးပွဲသာ ကစားရသေးကာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးခြောက်ပွဲကိုမူ ပေါင်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်။
ဟာရီကိန်း မှာမူ ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ကိုးပွဲကစားကာ ခြောက်ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။ ဟာရီကိန်း ၏စပါးအသင်းနှင့်စာချုပ်မှာ ၂၀၂၄ ခုနှစ် အထိ သက်တမ်းရှိနေပြီး စာချုပ်သစ်ချုပ်ဆိုဖွယ် ရှိနေကာ ကစားသမားကိုယ်တိုင်ကလည်း အသင်းတွင် ဆက်လက်ကစားဖွယ်ရှိကြောင်း အရိပ်အမြွက် ဝန်ခံထားသည်။ ဟာရီကိန်း သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ဘိုင်ယန်မြူးနစ်အသင်းနှင့်လည်း သတင်းထွက်ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
