ဥရောပထိပ်တန်းလိဂ် ငါးခုတွင် ဆယ်စုနှစ်အတွင်း ကစားသမားသစ်ခေါ်ယူမှု၌ စျေးကွက်တန်ဖိုးထက် ပိုပေးရသည့်အသင်းများစာရင်းတွင် မန်ယူအသင်းက ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ မန်ယူအသင်း သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ကစားသမားသစ် ၃၃ ဦး ခေါ်ယူမှုအတွက် ပေါင် ၁ ဒသမ ၄ ဘီလျံ သုံးစွဲခဲ့ရသည်။
ယင်း ကစားသမားအားလုံး၏ အမှန်တကယ်ရှိသည့် စျေးကွက်တန်ဖိုးမှာ ပေါင် ၁ ဒသမ ၁၉ ဘီလျံသာ ဖြစ်သောကြောင့် မန်ယူအသင်းအနေဖြင့် ပေါင် သန်း ၂၁၀ ဝန်းကျင် ပိုမိုသုံးစွဲခဲ့ရကာ ရာခိုင်နှုန်းအားဖြင့် ၁၈ ရာခိုင်နှုန်းရှိသည် ဟု ဆွစ်ဇာလန်အခြေစိုက် အားကစားသုတေသနအဖွဲ့အစည်း CIES ၏စစ်တမ်းတွင် ဖော်ပြထားသည်။
ယင်းကစားသမားများထဲတွင် အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးခေါ်ယူမှု သုံးခုဖြစ်သည့် ပေါ့ဘာ(ပေါင် ၈၉ သန်း)၊ အန်တိုနီ(ပေါင် ၈၅ သန်း)၊ မက် ဂွိုင်းရား(ပေါင် သန်း ၈၀)တို့လည်း ပါဝင်နေသည်။ ထို့ပြင် ဆန်ချို၊ လူကာကူ၊ ဒီမာရီယာ၊ ကက်စီမီရို၊ ဘရူနိုဖာနန်ဒက်စ်၊ မာစီယဲလ်၊ ဖရက်ဒ်၊ လီဆန်ဒရိုမာတီနက်ဇ်စသည့် က စားသမားများ ခေါ်ယူမှုမှာလည်း ပေါင် သန်း ၅၀ အထက်စီရှိခဲ့သည်။ စျေးကွက်တန်ဖိုး ထက် အများဆုံးပိုပေးရသည့် ထိပ်ဆုံး ၁၀ သင်းတွင် ပရီးမီးယားလိဂ်မှ ငါးသင်းအထိ ပါဝင်နေသော်လည်း Big Six စာရင်းဝင် အသင်းများထဲမှ မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့သာ စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။
ထူးခြားသည်မှာ မန်စီးတီးနှင့် စပါး အသင်းတို့ဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်း(အဆင့် ၃၅)သည် ဗီလာ ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဖြင့် ခေါ်ယူမှုအပါအဝင် ထိပ်တန်း ကစားသမားများစွာ ပါဝင်ခဲ့သော်လည်း စျေးကွက်တန်ဖိုးထက် ပိုသုံးစွဲမှုတွင် ပေါင် သန်း ၂၀ ဝန်းကျင်သာရှိခဲ့ကာ စပါးအသင်း(အဆင့် ၆၀)မှာမူ စျေးကွက်တန်ဖိုးထက် ပိုမိုသုံးစွဲမှု မရှိသည့်အပြင် ယင်းထက်ပင် လျော့နည်းစွာ ရရှိခဲ့ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
အဆင့် ၁၁ မှ ၂၀ စာရင်းတွင် နယူးကာဆယ်၊ လက်စတာ၊ လိုင်ယွန်၊ ဆောက်သမ်တန်၊ ရိုးမား၊ နာပိုလီ၊ လေဗာကူ ဆင်၊ မိုနာကို၊ လီဗာပူးလ်နှင့် ဝက်စ်ဟမ်းအသင်းတို့က အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။ CIESမှထုတ်ပြန်သည့် ယခုစာရင်းတွင် ဥရောပထိပ်တန်းလိဂ် ငါးခုမှ အသင်းပေါင် ၈၆ သင်းအထိ ပါဝင်ခဲ့ခြင်းဖြစ်သည်။ အခြားဥရောပထိပ်တန်းအသင်းများဖြစ်သည့် ဘိုင်ယန်မြူးနစ်(အဆင့် ၂၂)၊ အင်တာမီလန်(အ ဆင့် ၃၂)၊ အေစီမီလန်(အဆင့် ၄၇)၊ အက်သလက်တီကို(အဆင့် ၈၅)၊ ဘာစီလိုနာ(အဆင့် ၈၆)အသင်းများတွင် အက်သလက်တီကိုနှင့် ဘာစီလိုနာအသင်းတို့မှာ စျေးကွက်တန်ဖိုးထက် ပိုမိုလျော့နည်းစွာဖြင့် ကစားသမားသစ် များစွာကို စုဆောင်းခေါ်ယူနိုင်ခဲ့သည်ဟု CIES ၏စစ်တမ်းတွင် ဖော်ပြထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
